သင်တန်း

နိုင်ငံခြားလိုင်စင်ကနေ ဂျပန်လိုင်စင်ကိုပြောင်းခြင်း သင်တန်း

နိုင်ငံခြားသားဝန်ထမ်းတွေက အစအဆုံး အသေအချာ ကူညီပံ့ပိုးပေးခြင်း

နိုင်ငံခြားလိုင်စင်ကနေ ပြောင်းဖို့ရည်ရွယ်ထားသူတွေအတွက် လက်တွေ့ကျကျ လေ့လာနိုင်မယ့်စနစ်နဲ့ ကူညီပံ့ပိုးမှုများ။ Drivey ကို ဖန်တီးထားတဲ့ ZIPLUS ကနေ ဘာသာပြန်ဆို ပေးခြင်းကနေပြီး လက်တွေ့အမောင်းစာမေးပွဲအတွက် ပြင်ဆင်ခြင်းအထိ အစအဆုံး အသေအချာ ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။。

အောက်ပါလူပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်ပါသည်။

01

ဂျပန်နိုင်ငံမှာ ကားစမောင်းချင်တဲ့ နိုင်ငံခြားသားများ

မိမိနိုင်ငံရဲ့ လိုင်စင်ကို ဂျပန်လိုင်စင်အဖြစ် ပြောင်းချင်သူများအတွက်။ ဘာသာစကား ၆ မျိုးနဲ့ ကြည့်နိုင်တဲ့ ဗီဒီယိုတွေကတစ်ဆင့် လေ့လာမှုတွေကို ပြုလုပ်သွားနိုင်ပါတယ်။。

02

နိုင်ငံခြားသား ဝန်ထမ်းတွေကို ခန့်ထားတဲ့ လုပ်ငန်းရှင်များ / ကုမ္ပဏီများအတွက်

နိုင်ငံခြားသားဝန်ထမ်းတွေရဲ့ မော်တော်ယာဉ်လိုင်စင်ရရှိရေးကို ပံ့ပိုးကူညီပေးနိုင်ဖို့အတွက် ကုမ္ပဏီ/လုပ်ငန်းသုံးအစီအစဉ်ကိုလည်း စီစဉ်ပေးထားပါတယ်။。

03

လိုင်စင်အမြန်ဆုံးနဲ့ သေချာ လိုင်စင်ပြောင်းချင်သူများအတွက်

Drivey ရဲ့ ရေးဖြေစာမေးပွဲပြင်ဆင်မှု၊ ZIPLUS ရဲ့ ဘာသာပြန်နဲ့ လက်တွေ့မောင်းခြင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေကြောင့် အေးအေး‌ဆေးဆေးနဲ့ စာမေးပွဲအောင်ဖို့ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

Drivey ကိုလေ့လာခြင်းဖြင့် ရရှိနိုင်မယ့် အားသာချက် ၄ ခု

ဗီဒီယိုကြည့်ပြီး နားလည်သဘောပေါက်ခြင်း

ကျွမ်းကျင်သူများက ဖန်တီးထားတဲ့ နားလည်လွယ်တဲ့ ဗီဒီယိုအကြောင်းအရာတွေကတစ်ဆင့် စာမေးပွဲမေးခွန်းနယ်ပယ်ရဲ့ အဓိကအချက်တွေကို စနစ်တကျ နားလည်သဘောပေါက် နိုင်ပါသည်။

အမေးအဖြေဖြင့် လေ့လာခြင်း

အဓိကအချက်တွေကို လိုရင်းတိုရှင်း ဖော်ပြထားတဲ့ အပြန်အလှန်စကားပြောပုံစံ စာသားတွေနဲ့ ထိရောက်စွာ လေ့လာနိုင်ပါသည်။ မိမိကိုယ်မိမိ ဘယ်လောက်နားလည် သဘောပေါက်လဲ ဆိုတာကို စစ်ဆေးရင်း တစ်ဆင့်ချင်း ရှေ့ဆက်သွားနိုင်ပါသည်။

လေ့ကျင့်ခန်းမေးခွန်းများ

စာမေးပွဲပုံစံအတိုင်း ပြင်ဆင်ထားတဲ့ လေ့ကျင့်ခန်းမေးခွန်းတွေနဲ့ မိမိရဲ့အရည်အချင်းကို တိုင်းတာနိုင်ပါသည်။ ထို့ပြင် မှားခဲ့တဲ့ မေးခွန်းတွေကိုလည်း အဓိကထားပြီး ပြန်လည်လေ့လာ မှတ်သားနိုင်ပါသည်။

ဘာသာစကားမျိုးစုံ အသုံးပြုနိုင်ခြင်း

ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာ အစရှိသည့် ဘာသာစကား (၆) မျိုးဖြင့် အသုံးပြုနိုင်ပါသည်။。

တည်ထောင်သူအဖွဲ့အစည်း (သို့မဟုတ်) လုပ်ငန်းစီမံခန့်ခွဲသူဘက်က တရားဝင် ကူညီပံ့ပိုးမှုများ

ဘာသာပြန်ဆိုခြင်းကနေ လက်တွေ့အမောင်း စာမေးပွဲပြင်ဆင်ခြင်းအထိ အစအဆုံး တစ်ဆက်တည်း ကူညီပံ့ပိုးပေးခြင်း

နိုင်ငံခြားလိုင်စင်ကနေ ဂျပန်လိုင်စင်ကို ပြောင်းတဲ့အချိန် ရေးဖြေစာမေးပွဲအတွက် အသိပညာတွေသာမက လိုင်စင်ဘာသာပြန်စာရွက်စာတမ်းနှင့် လက်တွေ့အမောင်းစာမေးပွဲအတွက် ပြင်ဆင်မှုများလည်း လိုအပ်ပါသည်။ Driveyကို ဖန်တီးထားတဲ့ ZIPLUS ကနေ ဘာသာပြန်ခြင်း၊ လက်တွေ့စာမေးပွဲပြင်ဆင်ခြင်းအပြင် မော်တော်ယာဉ်မောင်းသင်တန်းကျောင်း မိတ်ဆက်ပေးခြင်းအထိ အစအဆုံး အားလုံးကို ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

01

ဘာသာပြန်စာရွက်စာတမ်း ထုတ်ပေးခြင်း

နိုင်ငံခြားလိုင်စင်ရဲ့ ဂျပန်ဘာသာကို ၁ ရက်မှ ၃ ရက်အတွင်း ထုတ်ပေးပါသည်။ နိုင်ငံနှင့် ဒေသပေါင်း ၁၆ ခုမှ လိုင်စင်တွေအတွက် ဆောင်ရွက်ပေးနိုင်ပါသည်။。

02

လက်တွေ့အမောင်း စာမေးပွဲပြင်ဆင်ရေး ဗီဒီယိုများ

SAMURAI DRIVER - မိနစ် ၅၀ စာရှိတဲ့ ဘာသာစကားမျိုးစုံသုံး ဗီဒီယိုတွေနဲ့ လက်တွေ့ အမောင်းစာမေးပွဲအတွက် အသေအချာ ပြင်ဆင်နိုင်ခြင်း。

03

စိတ်ချရသည့် ပက်ကေ့ဂျ်

ဘာသာပြန်ခြင်း၊ ရေးဖြေနှင့် အမောင်းစာမေးပွဲပြင်ဆင်ခြင်းတို့ကို တစ်ပါတည်း ပေါင်းစပ်ပေးထားသည့် အစအဆုံး ကူညီပံ့ပိုးမှုစနစ်။ ၂၀၂၄ ခုနှစ်အတွင်း အောင်ချက်နှုန်း ၇၇.၇% နှင့် စိတ်ကျေနပ်မှုနှုန်း ၉၄.၆% ရှိခဲ့ပါသည်။。

စျေးနှုန်းများ

တစ်လလျှင် ၁,၉၈၀ ယန်း~ (အခွန်အပါအဝင်)

နိုင်ငံခြားလိုင်စင်ကနေ ပြောင်းဖို့လျှောက်ထားရာမှာ လိုအပ်တဲ့ လေ့လာမှုတွေကို ထိရောက်မြန်ဆန်စွာ လုပ်ဆောင်နိုင်ခြင်း

အစီအစဉ်မှာ ပါဝင်တဲ့ အချက်အလက်များ

  • ဘာသာစကား ၆ မျိုးနဲ့ လေ့လာနိုင်မယ့် ဗီဒီယိုသင်ခန်းစာများ
  • ဂျပန်နိုင်ငံရဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို နားလည်သဘောပေါက်နိုင်ခြင်း
  • အမေးအဖြေ (Q&A) ပုံစံဖြင့် အပြန်အလှန် လေ့လာနိုင်တဲ့စနစ်
  • နိုင်ငံခြားလိုင်စင်ကနေ ပြောင်းတဲ့အချိန်မှာ လိုအပ်တဲ့ အပိုင်းတွေကိုပဲ ကွက်တိလေ့လာနိုင်ခြင်း
  • လေ့လာမှုတိုးတက်မှုအခြေအနေကို အလွယ်တကူ မြင်တွေ့နိုင်ခြင်း

မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းများ

Q.ဘယ်နိုင်ငံတွေက လိုင်စင်ကို ဆောင်ရွက်ပေးပါသလဲ။
A.

ZIPLUS ရဲ့ ဘာသာပြန်ဝန်ဆောင်မှုမှာတော့ နိုင်ငံနဲ့ ဒေသပေါင်း ၁၆ ခုက လိုင်စင်တွေအတွက် ဆောင်ရွက်ပေးနေပါတယ်။ အသေးစိတ်ကိုတော့ ZIPLUS ရဲ့ စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Q.ဂျပန်စာ/ဂျပန်စကား မပြောတတ်ရင်ရော သုံးလို့ ရပါသလား။
A.

ဟုတ်ကဲ့၊ ရပါတယ်။ Drivey ကို ဘာသာစကား ၆ မျိုး (ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ မြန်မာဘာသာစကား) ဖြင့် အသုံးပြုနိုင်ပါတယ်။

Q.အမောင်း စာမေးပွဲအတွက် Drivey နဲ့ ပြင်ဆင်လို့ ရပါသလား။
A.

Drivey ကတော့ ရေးဖြေစာမေးပွဲအပိုင်းအတွက် သီးသန့်ပြင်ဆင်ပေးတာ ဖြစ်ပါတယ်။ အမောင်း စာမေးပွဲပြင်ဆင်ခြင်းအတွက်ဆိုရင်တော့ ZIPLUS ရဲ့ SAMURAI DRIVER ဝန်ဆောင်မှုကို အသုံးပြုပေးပါ။

Q.ဘာသာပြန်ထားတဲ့စာရွက် ထုတ်ပေးဖို့ပါ တစ်ပါတည်း အပ်နှံလို့ ရပါသလား။
A.

Drivey မှာတော့ မဟုတ်ဘဲ ZIPLUS မှာ ဆောင်ရွက်ပေးနေပါတယ်။ ၁ ရက်မှ ၃ ရက်အတွင်း ထုတ်ပေးနိုင်ပါတယ်။

ယခုပဲ လေ့လာမှုကို စတင်လိုက်ပါ။

အခမဲ့စမ်းသပ် အသုံးပြုပြီး လေ့လာမှုအတွေ့အကြုံကို လက်တွေ့ခံစားကြည့်လိုက်ပါ။ အလွယ်တကူစာရင်းသွင်းရုံနဲ့ ယခုပဲ လေ့လာမှုကို ချက်ချင်းစတင်နိုင်ပါပြီ။

အခုပဲ စတင်ပါ