သင်တန်း

ယာယီလိုင်စင်အတွက် သင်ခန်းစာ အစီအစဉ်

ပထမအဆင့်အတွက် အပြည့်အဝ ပံ့ပိုးကူညီမှု

လက်မလွှတ်တမ်း လေ့လာသွားနိုင်မယ့် ရိုးရှင်းတဲ့ သင်ယူမှုပုံစံနဲ့ ယာယီလိုင်စင် စာတွေ့စာမေးပွဲ အောင်မြင်အောင် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ပထမအဆင့်အတွက် လိုအပ်တဲ့ အသိပညာဗဟုသုတတွေကိုလည်း ထိရောက်မြန်ဆန်စွာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

အောက်ပါလူပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်ပါသည်။

01

ပထမအဆင့် ပြီးဆုံးကြောင်း စစ်ဆေးမည့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်နေသူများ

ယာယီလိုင်စင် စာတွေ့စာမေးပွဲအတွက် သီးသန့်ထုတ်မယ့် မေးခွန်းအတိုင်းအတာကိုပဲ ကွက်တိလေ့လာနိုင်မှာဖြစ်လို့ အချိန်တိုအတွင်း ထိရောက်စွာ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

02

၂ပတ်ကားမောင်းသင်တန်းကျောင်းရဲ့ စာတွေ့သင်ခန်းစာတွေမှာ အခက်အခဲဖြစ်နေသူများ

စာသားသက်သက်နဲ့တင် နားလည်ရခက်တဲ့ အကြောင်းအရာတွေကိုပါ ဗီဒီယိုတွေ၊ အမေးအဖြေပုံစံ စာသားတိုတွေနဲ့ လွယ်လွယ်ကူကူ လေ့လာမှတ်သားနိုင်မှာ ဖြစ်ပါတယ်။

03

အချိန်တိုအတွင်း အောင်ချင်သူများ

ယာယီလိုင်စင်အတွက် မေးခွန်းက မေးခွန်း၅၀ဖြစ်ပါတယ်။ အာရုံစိုက်ပြီး သေချာလေ့လာမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ အောင်မှတ်ရနိုင်တဲ့ အဆင့်အထိ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

04

၂ပတ်ကားမောင်းသင်တန်းကျောင်း မတက်ခင်ကတည်းက မိမိနေတဲ့ခရိုင်မှာရှိတဲ့ လိုင်စင်ရုံးမှာ ယာယီလိုင်စင် ရေးဖြေစာမေးပွဲကို ကြိုတင်ဖြေပြီးအောင်ထားချင်သူများ

လိုင်စင်ရုံးမှာ ယာယီလိုင်စင် စာတွေ့စာမေးပွဲကို ကြိုအောင်ထားမယ်ဆိုရင် ၂ပတ်ကားမောင်းသင်တန်းကျောင်းရောက်တဲ့အခါ အမောင်းစာမေးပွဲပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နိုင်မှာဖြစ်လို့ သင်တန်းဆင်းတဲ့အထိ အဆင်ပြေပြေ တက်နိုင်မှာ ဖြစ်ပါတယ်။

Drivey ကိုလေ့လာခြင်းဖြင့် ရရှိနိုင်မယ့် အားသာချက် ၄ ခု

ဗီဒီယိုကြည့်ပြီး နားလည်သဘောပေါက်ခြင်း

ကျွမ်းကျင်သူများက ဖန်တီးထားတဲ့ နားလည်လွယ်တဲ့ ဗီဒီယိုအကြောင်းအရာတွေကတစ်ဆင့် စာမေးပွဲမေးခွန်းနယ်ပယ်ရဲ့ အဓိကအချက်တွေကို စနစ်တကျ နားလည်သဘောပေါက် နိုင်ပါသည်။

အမေးအဖြေဖြင့် လေ့လာခြင်း

အဓိကအချက်တွေကို လိုရင်းတိုရှင်း ဖော်ပြထားတဲ့ အပြန်အလှန်စကားပြောပုံစံ စာသားတွေနဲ့ ထိရောက်စွာ လေ့လာနိုင်ပါသည်။ မိမိကိုယ်မိမိ ဘယ်လောက်နားလည် သဘောပေါက်လဲ ဆိုတာကို စစ်ဆေးရင်း တစ်ဆင့်ချင်း ရှေ့ဆက်သွားနိုင်ပါသည်။

လေ့ကျင့်ခန်းမေးခွန်းများ

စာမေးပွဲပုံစံအတိုင်း ပြင်ဆင်ထားတဲ့ လေ့ကျင့်ခန်းမေးခွန်းတွေနဲ့ မိမိရဲ့အရည်အချင်းကို တိုင်းတာနိုင်ပါသည်။ ထို့ပြင် မှားခဲ့တဲ့ မေးခွန်းတွေကိုလည်း အဓိကထားပြီး ပြန်လည်လေ့လာ မှတ်သားနိုင်ပါသည်။

ဘာသာစကားမျိုးစုံ အသုံးပြုနိုင်ခြင်း

ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာ အစရှိသည့် ဘာသာစကား (၆) မျိုးဖြင့် အသုံးပြုနိုင်ပါသည်။。

ရေးဖြေစာမေးပွဲ ဖြေဆိုရမည့် အပိုင်းများ

ယာယီလိုင်စင် ရေးဖြေစာမေးပွဲက မေးခွန်း ၅၀ ဖြစ်ပါတယ်။ အမှတ် ၅၀ ပြည့် ပေးထားပြီး အောင်မြင်ဖို့အတွက် ၉၀% ကျော် အဖြေမှန်ရမှာ ဖြစ်ပါတယ်။ ရုပ်ပုံပါတဲ့ မေးခွန်းမျိုးတွေတော့ မေးမှာ မဟုတ်ပါဘူး။

စာသားမေးခွန်းများ
ရုပ်ပုံမေးခွန်းများ
အမှတ်ပေးစနစ်
အချိန်ကန့်သတ်ချက်
အောင်မှတ် သတ်မှတ်ချက်
50မေးခွန်း
မရှိပါ
50အမှတ်
30မိနစ်
90%

အဓိကလေ့လာရမည့် အခန်းများ

  • 01လမ်းသွားလမ်းလာများနှင့် ယာဉ်မောင်းသူများအားလုံး လိုက်နာရမည့် ဘုံစည်းကမ်းချက်များ
  • 02မော်တော်ယာဉ် မမောင်းခင် လိုက်နာရမည့် စည်းကမ်းချက်များ (အချို့သော အကြောင်းအရာများ မပါဝင်ပါ)
  • 03မော်တော်ယာဉ် မောင်းနည်းများ (အချို့သော အကြောင်းအရာများ မပါဝင်ပါ)
  • 04အန္တရာယ်ရှိတဲ့နေရာတွေမှာမောင်းခြင်း (အချို့သော အကြောင်းအရာများ မပါဝင်ပါ)

Drivey မှာ စာမေးပွဲဖြေဆိုရမယ့် အဓိကအခန်းကဏ္ဍ အားလုံးပါတဲ့ ဗီဒီယိုသင်ခန်းစာတွေ၊ အပြန်အလှန်လေ့လာနိုင်မယ့် အမေးအဖြေစာသားတွေနဲ့ လေ့ကျင့်ခန်းမေးခွန်းတွေကို ပံ့ပိုးပေးထားပါတယ်။

စျေးနှုန်းများ

တစ်လလျှင် ၂,၂၀၀ ယန်း (အခွန်အပါအဝင်)

Drivey ရဲ့ ယာယီလိုင်စင်သင်တန်းနဲ့အတူ ပထမအဆင့် (第一段階) ကို အောင်အောင်မြင်မြင် ဖြတ်ကျော်လိုက်ကြရအောင်။

အစီအစဉ်မှာ ပါဝင်တဲ့ အချက်အလက်များ

  • ယာယီလိုင်စင်အတွက် မေးခွန်းထုတ်မယ့် အပိုင်းတွေကိုပဲ သီးသန့်ရွေးထုတ်ပေးထားတဲ့ ဗီဒီယိုသင်ခန်းစာများ
  • အမေးအဖြေပုံစံ အပြန်အလှန်လေ့လာသင်ယူမှုစနစ်
  • ယာယီလိုင်စင်အတွက် လေ့ကျင့်ခန်းမေးခွန်းများ
  • သင်ယူတိုးတက်မှုအခြေအနေကို အလွယ်တကူ မြင်နိုင်ခြင်း
  • ဘာသာစကား ၆ မျိုးဖြင့် အသုံးပြုနိုင်ခြင်း

မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းများ

Q.ယာယီလိုင်စင်သင်တန်း (仮免コース) နဲ့ ရိုးရိုးလိုင်စင်သင်တန်း (普通免許コース) က ဘာတွေကွာခြားပါသလဲ။
A.

ယာယီလိုင်စင်သင်တန်း (仮免コース) ကတော့ ယာယီလိုင်စင်စာတွေ့စာမေးပွဲမှာ မေးမယ့်အပိုင်း (မေးခွန်း ၅၀) ကိုပဲ သီးသန့်ရွေးထုတ်ပေးထားတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ရိုးရိုးလိုင်စင်သင်တန်း (普通免許コース) ကတော့ ယာယီလိုင်စင်ရော အောင်လက်မှတ်ရလိုင်စင် (本免) အတွက်ပါ နှစ်ခုစလုံးရဲ့ အကျုံးဝင်တဲ့အပိုင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

Q.ယာယီလိုင်စင်ရပြီးတဲ့နောက် ရိုးရိုးလိုင်စင်သင်တန်းကို ပြောင်းလို့ ရပါသလား။
A.

ဟုတ်ကဲ့၊ စာချုပ်ပါအကြောင်းအရာကို ပြောင်းပြီး ရိုးရိုးလိုင်စင်သင်တန်းကို တိုက်ရိုက်ပြောင်းနိုင်ပါတယ်။

Q.ဘယ်လောက်ကြာရင် စာမေးပွဲအောင်မလဲ။
A.

တစ်ဦးချင်းစီအပေါ် မူတည်ပြီး ကွာခြားချက်ရှိနိုင်ပေမဲ့၊ ၁ ပတ်ကနေ ၂ ပတ်လောက်အထိ အာရုံစိုက်လေ့လာပြီး စာမေးပွဲအောင်နိုင်တဲ့အဆင့်ကို ရောက်သွားကြသူတွေ အများကြီးရှိပါတယ်။

ယခုပဲ လေ့လာမှုကို စတင်လိုက်ပါ။

အခမဲ့စမ်းသပ် အသုံးပြုပြီး လေ့လာမှုအတွေ့အကြုံကို လက်တွေ့ခံစားကြည့်လိုက်ပါ။ အလွယ်တကူစာရင်းသွင်းရုံနဲ့ ယခုပဲ လေ့လာမှုကို ချက်ချင်းစတင်နိုင်ပါပြီ။

အခုပဲ စတင်ပါ