နိုင်ငံခြားသား တက္ကစီနှင့် ဘတ်စ်ကား မောင်းသူများအတွက် အခက်ဆုံးမှာ အဆင့်-၂ ယာဉ်မောင်းလိုင်စင်၏ ရေးဖြေ စာမေးပွဲဖြစ်ပါသည်။

နိုင်ငံခြားသား တက္ကစီနှင့် ဘတ်စ်ကား မောင်းသူများအတွက် အခက်ဆုံးမှာ အဆင့်-၂ ယာဉ်မောင်းလိုင်စင်၏ ရေးဖြေ စာမေးပွဲဖြစ်ပါသည်။

အလုပ်ခန့်အပ်သူတွေ ကြုံတွေ့ရတဲ့ အလုပ်ခန့်အပ်မှု ငြင်းပယ်ခံရမှုနဲ့ နှောင့်နှေးမှုတွေကို ဘယ်လိုဖြေရှင်းမလဲ။

စနစ်ကို မိတ်ဆက်ပြီးကတည်းက လက်တွေ့မှာ ဘယ်လိုပြဿနာတွေ ပေါ်ပေါက်လာခဲ့လဲ။

၂၀၂၄ ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့သော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် နိုင်ငံခြားသားများကို ခေါ်ယူခန့်ထားရန် မူဝါဒအရ သတ်မှတ်ပြီးဖြစ်ရာ၊ တက္ကစီနှင့် ဘတ်စ်ကား လုပ်ငန်းနယ်ပယ်တွင်လည်း လက်တွေ့ခေါ်ယူ ခန့်အပ်ခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ လုပ်သားရှားပါးမှုအတွက် ဖြေရှင်းချက်အဖြစ် နိုင်ငံခြားသား ယာဉ်မောင်းများကို ခန့်အပ်ရန် လှုပ်ရှားမှုမှာ အဆင့်မြင့် ရှေ့ဆောင်သာဓက အချို့သာ မဟုတ်တော့ဘဲ လုပ်ငန်းနယ်ပယ်တစ်ခုလုံး၏ လက်တွေ့ကျသော ရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့ပါသည်။

အခြားတစ်ဖက်တွင်မူ စနစ်စတင် လည်ပတ်လာသည်နှင့်အမျှ လုပ်ငန်းခွင်အတွင်း၌ စိန်ခေါ်မှုအသစ်များလည်း ရှင်းလင်းစွာ ပေါ်ပေါက်လာခဲ့ပါသည်။ ထိုအထဲတွင် တက္ကစီနှင့် ဘတ်စ်ကားကုမ္ပဏီ အများစု ရင်ဆိုင်နေရသည့် အချက်မှာ နိုင်ငံခြားသား ယာဉ်မောင်းများအတွက် မဖြစ်မနေ လိုအပ်သော "အဆင့်-၂ ယာဉ်မောင်းလိုင်စင် (Class 2 License)" ၏ ရေးဖြေစာမေးပွဲအတွက် ပြင်ဆင်မှု ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်းရှိ လိုင်စင်စင်တာများတွင် နိုင်ငံခြားဘာသာစကားဖြင့် ရေးဖြေစာမေးပွဲ ဖြေဆိုနိုင်ပြီဖြစ်သောကြောင့် စနစ်ပိုင်းဆိုင်ရာ အတားအဆီးများမှာ တစ်ချက်ကြည့်လျှင် လျော့နည်းသွားသည်ဟု ထင်ရနိုင်ပါသည်။ သို့သော်လည်း လက်တွေ့ဝန်ထမ်းခေါ်ယူရေး နယ်ပယ်တွင်မူ ရေးဖြေစာမေးပွဲ မအောင်ခြင်း သို့မဟုတ် ပြန်လည်ဖြေဆိုရခြင်းကြောင့် တာဝန်ပေးအပ်ရန် ကြန့်ကြာခြင်းနှင့် ပညာပေးသင်ကြားမှုဆိုင်ရာ ဝန်ထုတ်ဝန်ပိုး မြင့်မားလာခြင်းစသည့် ပြဿနာများမှာ သိသာထင်ရှားလာနေပါသည်။ စနစ်စတင်ကျင့်သုံးပြီးနောက် ယခုအချိန်တွင် နိုင်ငံခြားသား ခန့်အပ်မှုကို အောင်မြင်စေရန်အတွက် အဆင့်-၂ လိုင်စင်ရေးဖြေစာမေးပွဲ ဟူသော "အကြီးမားဆုံး အတားအဆီး" ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာက တစ်ဖန်ပြန်လည် မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။


ဘာကြောင့် အဆင့်-၂ လိုင်စင် ရေးဖြေစာမေးပွဲက နိုင်ငံခြားသားများအတွက် ခက်ခဲရတာလဲ

အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီ မှ ထုတ်ပြန်ထားသော ယာဉ်မောင်းလိုင်စင်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအရ အဆင့်-၂ လိုင်စင် ရေးဖြေစာမေးပွဲသည် ဂျပန်လူမျိုးများအတွက်ပင် အောင်ချက်ရာခိုင်နှုန်း နည်းပါတယ်။ အကြောင်းမှာ ရေးဖြေစာမေးပွဲသည် ရိုးရှင်းသော ယာဉ်စည်းကမ်းများကို အလွတ်ကျက်ရုံသာမကဘဲ ခရီးသည်တင်ဆောင်မည့် ပရော်ဖက်ရှင်နယ် ယာဉ်မောင်းတစ်ဦးအနေဖြင့် ရှိရမည့် ဆုံးဖြတ်နိုင်စွမ်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်တို့ကိုပါ စစ်ဆေးသောကြောင့် ဖြစ်ပါသည်။

နိုင်ငံခြားသား ယာဉ်မောင်းများအတွက် အထက်ပါအချက်အပြင် အောက်ပါကဲ့သို့သော အခြေခံကျသည့် အခက်အခဲများလည်း ရှိနေပါသည် -

  • သင်တန်းကျောင်းရှိ ရေးဖြေသင်ခန်းစာများသည် အခြေခံအားဖြင့် ဂျပန်ဘာသာစကားဖြင့်သာ လေ့လာရခြင်း

  • သင်တန်းကျောင်းမှ ပေးသော သင်ရိုးညွှန်းတမ်း စာအုပ်များသည်လည်း ဂျပန်ဘာသာဖြင့်သာ ဖြစ်ခြင်း

  • ဥပဒေကြောင်းဆိုင်ရာ အသုံးအနှုန်းများနှင့် မေးခွန်းပုံစံများမှာ စိတ်ကူးယဉ်ဆန်ပြီး ဂျပန်စာ ဖတ်ရှုနားလည်နိုင်စွမ်း အရမ်းလိုအပ်ခြင်း

ဆိုလိုသည်မှာ စာမေးပွဲကို နိုင်ငံခြားဘာသာစကားဖြင့် ဖြေဆိုခွင့်ရရှိလာစေကာမူ လေ့လာသင်ယူမဲ့ ဖြစ်စဉ်တစ်ခုလုံး ဂျပန်ဘာသာစကားကိုသာ အဓိကထားနေသရွေ့ အမှန်တကယ် နားလည်မှုမရှိဘဲ စာမေးပွဲဖြေဆိုသည့်အခါ နားလည်မှု အားနည်းသွားသည့် အခြေအနေများစွာ ရှိနေပါသည်။

ထို့အပြင် စနစ်သစ် ပြင်ဆင်မှုများကြောင့် သင်တန်းတက်ရောက်ရသည့် အချိန်တွေက ပိုနည်းလာပြီး သီအိုရီပါ အကြောင်းအရာများကို သေချာစွာ နားလည်သဘောပေါက်ရန် အချိန်မှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာနေပါသည်။ အခြေအနေများကြောင့် "သင်တန်းတက်ပြီးပြီ = နားလည်သွားပြီ" မဟုတ်သည့် အခြေအနေမျိုး ပိုမိုဖြစ်ပေါ်လာစေပါသည်။


တက္ကစီကုမ္ပဏီနှင့် ဘတ်စ်ကားကုမ္ပဏီများတွင် စိန်ခေါ်မှုများ ပေါ်ပေါက်လာပုံ ကွာခြားချက်

တက္ကစီကုမ္ပဏီများအတွက်

တက္ကစီလုပ်ငန်းနယ်ပယ်တွင် ဝန်ထမ်းသစ်များကို အမြန်ဆုံး လုပ်ငန်းခွင်ထဲသို့ ထည့်သွင်းလိုသည့် လိုအပ်ချက်က ပြင်းထန်ပါသည်။ ထို့ကြောင့် ရေးဖြေစာမေးပွဲ ကျရှုံးခြင်းသည် တာဝန်ပေးအပ်မှု ကြန့်ကြာခြင်းနှင့် ဝင်ငွေရရှိမည့် အခွင့်အလမ်းများ ဆုံးရှုံးခြင်းသို့ တိုက်ရိုက် ဦးတည်စေပါသည်။

  • စာမေးပွဲမအောင်သဖြင့် ပြန်လည်ဖြေဆိုရခြင်း

  • ဝန်ထမ်းခန့်အပ်ရေး အစီအစဉ်တစ်ခုလုံး လွဲချော်သွားခြင်း

စသည့် ပြဿနာများ ဖြစ်ပွားလွယ်ပြီး "လိုင်စင်ရရုံနှင့် လုပ်ငန်းခွင်ထဲ လွှတ်နိုင်သည်" ဆိုသည့် အယူအဆက လက်တွေ့တွင် ပျက်ပြယ်သွားလေ့ရှိသည်။

ဘတ်စ်ကားကုမ္ပဏီများအတွက်

ဘတ်စ်ကားလုပ်ငန်းနယ်ပယ်၌ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုနှင့် ဘေးကင်းလုံခြုံရေးအတွက် တောင်းဆိုချက်များမှာ ပိုများပြီးတော့၊ စာမေးပွဲအောင်ရုံနှင့် မလုံလောက်ပါ။

  • ဘာကြောင့် ထိုကဲ့သို့ ဆုံးဖြတ်ရန် လိုအပ်သလဲ

  • ဘာကြောင့် ထိုလုပ်ရပ်က အန္တရာယ်ရှိတာ

စသည့် နောက်ခံအကြောင်းအရင်းများကို နားလည်သဘောပေါက်မှု မရှိဘဲ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိသွားပါက နောင်တွင် အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဘတ်စ်ကားကုမ္ပဏီများတွင် "အမှန်တကယ် နားလည်သဘောပေါက်မှုရှိသော သီအိုရီအောင်မြင်မှု" ကို ပိုပြီး တောင်းဆိုကြပါသည်။

ဤကဲ့သို့ တက္ကစီနှင့် ဘတ်စ်ကားလုပ်ငန်းများတွင် စိန်ခေါ်မှုပုံစံများ ကွာခြားသော်လည်း ၎င်းတို့နှစ်ခုလုံး၏ အဓ်ကအချက်မှာ -

ရေးဖြေစာမေးပွဲ ပြင်ဆင်မှုကို သင်တန်းကျောင်း (Kyoushu-jo) တစ်ခုတည်းအပေါ်တွင်ပဲ ပုံအပ်ထား၍ မရတော့ခြင်း ဖြစ်ပါသည်။


ဝန်ထမ်းခန့်အပ်မှု အောင်မြင်ခြင်း၏ အဆုံးအဖြတ်မှာ "လေ့လာထားရမဲ့အပိုင်းများကြိုတင်ပြင်ဆင်မှု "

စနစ်သစ်စတင်ပြီးနောက် ဝန်ထမ်းခန့်အပ်မှုများကို လုပ်ဆောင်နေသည့် ကုမ္ပဏီများလေလေ၊ အောက်ပါအချက်ကို ပိုမိုသတိပြုမိလာလေလေ ဖြစ်ပါသည် -

နိုင်ငံခြားသားခန့်အပ်မှု အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းသည် "သင်တန်းကျောင်းဆင်းခြင်း" အပေါ်တွင် မူတည်သည်မဟုတ်ဘဲ၊ လိုင်စင်မရမီ "ကြိုတင်" ပြုလုပ်ရသည့် ရေးဖြေစာမေးပွဲ (Honmen Gakka) ပြင်ဆင်မှုအပေါ်တွင်သာ အဓိကမူတည်သည်။

ဆိုလိုသည်မှာ -

  • သင်တန်းကျောင်းသို့ မဝင်ရောက်မီ အတိုင်းအတာတစ်ခုအထိ ဘယ်လောက်နားလည်ထားသလဲ

  • ရေး‌ဖြေစာမေးပွဲကို "အသစ်လေ့လာရမည့်နေရာ" မဟုတ်ဘဲ "နားလည်ပြီးသားကို ပြန်လည်စစ်ဆေးသည့်နေရာ" အဖြစ် လုပ်နိုင်သလား

ဟူသောအချက်မှာ ဝန်ထမ်းခန့်အပ်မှုကို အောင်မြင်စေမည့် အဓိကလမ်းကြောင်း ဖြစ်လာပါသည်။


Drivey ရွေးချယ်မှု

― စနစ်သစ်ကျင့်သုံးပြီးနောက် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများ ရေးဖြေစာမေးပွဲ ပြင်ဆင်မှု ―

ဤအကြောင်းအရင်းများကို အခြေခံ၍

Ziplus Co., Ltd. က ၂၀၂၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်မှာ

နိုင်ငံခြားသားများအတွက် ရေး‌ဖြေစာမေးပွဲကို ပြင်ဆင်ပေးသော"Drivey (ドライビー)" ဖြစ်ပါသည်။

Drivey သည် နိုင်ငံခြားသားယာဉ်မောင်းများ ရင်ဆိုင်ရသည့် အောက်ပါရေးဖြေစာမေးပွဲ အမျိုးအစားအားလုံးကို ပံ့ပိုးပေးထားပါသည် -

  • နိုင်ငံခြားလိုင်စင်မှ ပြောင်းလဲခြင်း (Gaimen Kirikae)

  • ယာယီလိုင်စင် (Karimen)

  • အဓိကလိုင်စင် (Honmen)

  • အင်ဂျင်အသေးတပ်ဆိုင်ကယ်လိုင်စင် (Gentsuki)

  • အဆင့်-၂ လိုင်စင် (တက္ကစီ နှင့် ဘတ်စ်ကား)

နှင့် နိုင်ငံခြားသား ယာဉ်မောင်းများ ရင်ဆိုင်ကြုံတွေ့ရသည့် ရေးဖြေစာမေးပွဲ ပုံစံအမျိုးမျိုးကို ပြင်ဆင်ပေးထားပါသည်။


Drivey ကို အသုံးပြုကြသည့် အကြောင်းအရင်းများ

Drivey ၏ ထူးခြားချက်မှာ ရိုးရှင်းသော မေးခွန်းဟောင်းများ စုစည်းမှုတစ်ခု မဟုတ်ပါ။

  • သင်ခန်းစာရဲ့ အကြောင်းအရာများကို ဗီဒီယိုဖြင့် နားလည်နိုင်ခြင်း

ဥပဒေများနှင့် ဆုံးဖြတ်ချက်များကို "ဘာကြောင့် အဲ့လိုဖြစ်ရတာလဲ" ဆိုသည့် အချက်မှစ၍ ရှင်းပြထားပါသည်။

  • ရိုးရှင်းသော ဂျပန်စာနှင့် ဘာသာစကားမျိုးစုံကို အခြေခံထားသော ပုံစံ

ဂျပန်စာ ကျွမ်းကျင်မှုအပေါ်တွင်သာ အမှီပြုမနေသည့် သင်ယူမှုပုံစံဖြင့် ဖွဲ့စည်းထားပါသည်။

  • အဆင့်လိုက် စစ်ဆေးသည့် စစ်ဆေးမှု (Test) များ

အလွတ်ကျက်ခြင်းထက် ဘယ်‌လောက်နားလည်သလဲ ဆိုသည့် အဆင့်ကို မြင်သာအောင် ဖော်ပြပေးပါသည်။

ဤအချက်များကြောင့် နိုင်ငံခြားသား ယာဉ်မောင်းများသည်

"မသိဘဲနှင့် စာမေးပွဲသွားဖြေခြင်း" မျိုး မဟုတ်တော့ဘဲ၊

နားလည်သဘောပေါက်ထားသည့် အခြေအနေဖြင့် ရေးဖြေစာမေးပွဲများကို ဖြေနိုင်မည် ဖြစ်ပါသည်။


ဝန်ထမ်းခေါ်ယူရေး တာဝန်ခံများအတွက် Drivey ကို အသုံးပြုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

တက္ကစီနှင့် ဘတ်စ်ကားကုမ္ပဏီများမှ ဝန်ထမ်းခေါ်ယူရေး တာဝန်ခံများအတွက် Drivey ကို အသုံးပြုခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများစွာ ရရှိပါသည်။

  • သီအိုရီသင်ခန်းစာများနှင့် သင်ရိုးညွှန်းတမ်းများကို ဘာသာစကားမျိုးစုံဖြင့် လေ့လာနိုင်ခြင်းကြောင့် ပိုနားလည်နိုင်ခြင်း

  • ရေးဖြေစာမေးပွဲ ကျရှုံးခြင်းကြောင့် တာဝန်ပေးအပ်ရန် ကြန့်ကြာနိုင်သည့် အန္တရာယ်ကို လျှော့ချနိုင်ခြင်း

  • သင်တန်းကျောင်း သို့မဟုတ် သင်တန်းဆရာ တစ်ဦးတည်းအပေါ်တွင်ပဲ ပုံမအပ်ထားဘဲ၊ ပရော်ဖက်ရှင်နယ် ယာဉ်မောင်းတစ်ဦးတွင် ရှိရမည့် အရည်အသွေးကို သေချာပေါက် ရရှိစေခြင်း

  • နိုင်ငံခြားသား ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ်ကို စနစ်တကျ စံသတ်မှတ်နိုင်ခြင်း

  • "လိုင်စင်မရနိုင်တဲ့ နိုင်ငံခြားသားကို ခန့်မိမလား" ဆိုသည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးနိုင်ခြင်း

ဤသို့ဖြင့် နိုင်ငံခြားသား ဝန်ထမ်းခေါ်ယူရေး လုပ်ငန်းကို

"တစ်ဦးတစ်ယောက်၏ အရည်အချင်းအပေါ် မူတည်သည့် စိန်ခေါ်မှု" မှ "မည်သူမဆို အောင်မြင်နိုင်သည့် စနစ်" သို့

ပြောင်းလဲပေးနိုင်မည် ဖြစ်ပါသည်။


အနှစ်ချုပ်|နိုင်ငံခြားသား ဝန်ထမ်းခေါ်ယူရေးသည် "လိုင်စင်ပြင်ဆင်မှုများ" မှ စတင်မဲ့ ကာလသို့

နိုင်ငံခြားသား တက္ကစီနှင့် ဘတ်စ်ကား ယာဉ်မောင်းခန့်အပ်မှုသည် စနစ်အရ ဖြစ်နိုင်ခြေရှိနေပြီး လက်တွေ့လုပ်ငန်းခွင်မှာလည်း အကောင်အထည်ဖော်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ ထို့ကြောင့် ယခုအခါ မေးခွန်းထုတ်စရာဖြစ်လာသည်မှာ လူဦးရေမည်မျှ စုဆောင်းနိုင်သနည်းဆိုသည်ထက်၊ သေချာဘယ်လိုပုံစံနဲ့ လုပ်ငန်းခွင်သို့ ပို့ဆောင်ပေးနိုင်သလဲ ဆိုသည့်အချက်ပင် ဖြစ်ပါသည်။

ထိုလုပ်ငန်းစဉ်၏ အကြီးမားဆုံးသော အဆုံးအဖြတ်ပေးမည့်အချက်မှာ

အဆင့်-၂ လိုင်စင် ရေးဖြေစာမေးပွဲ ပြင်ဆင်မှု ပင် ဖြစ်ပါသည်။

Drivey သည် စနစ်ကျင့်သုံးပြီးနောက် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများအတွက်၊ နိုင်ငံခြားသား ယာဉ်မောင်းများကို "စာမေးပွဲအောင်မြင်စေရုံ" သာမက "သေချာစွာ နားလည်သဘောပေါက်ပြီး ဘေးကင်းလုံခြုံစွာ လုပ်ငန်းခွင်ဝင်နိုင်စေရန်" အတွက် လက်တွေ့ကျသော ရွေးချယ်မှုတစ်ခုအဖြစ် တက္ကစီနှင့် ဘတ်စ်ကားလုပ်ငန်းနယ်ပယ်၏ နိုင်ငံခြားသားခန့်အပ်မှုကဏ္ဍကို ပံ့ပိုးကူညီပေးနေပါသည်။