နိုင်ငံခြားသားများအတွက် — Drivey ဖြင့် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုကြပါစို့

နိုင်ငံခြားသားများအတွက် — Drivey ဖြင့်  စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုကြပါစို့

ယာဉ်မောင်းလိုင်စင် ရေးဖြေစာမေးပွဲအတွက် စိုးရိမ်စိတ်များ ရှိနေပါသလား?

  • ဘယ်လိုလေ့လာရမလဲဆိုတာ မသိဖြစ်နေခြင်း

  • မေးခွန်းနယ်ပယ်က ကျယ်ပြန့်လွန်းလို့ ဘယ်ကနေ စရမလဲမသိဖြစ်နေခြင်း

  • တစ်ကြိမ်တည်းနဲ့ အောင်မြင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း

အထူးသဖြင့် ဂျပန်နိုင်ငံမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသားများအတွက်

ဂျပန်ယာဉ်မောင်းလိုင်စင်စာမေးပွဲဟာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။

သေချာလေ့လာမှုမရှိရင် တစ်ကြိမ်တည်းနဲ့ အောင်မြင်ဖို့ ခက်ခဲတဲ့ စာမေးပွဲတစ်ခု ဖြစ်ပါတယ်။

ဒီလိုအခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ရေးဖြေစာမေးပွဲ လေ့လာရေးအက်ပ်သစ် Driveyကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒီစာမျက်နှာမှာတော့ Drivey ကို အသုံးပြုပြီး

နားလည်လွယ်တဲ့ ထိထိရောက်ရောက်နဲ့ စာမေးပွဲအောင်မြင်နိုင်မယ့် နည်းလမ်းတွေကို

မြန်မာဘာသာစကားနဲ့ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

ဂျပန်မှာ ယာဉ်မောင်းလိုင်စင် ယူဖို့ ပြင်ဆင်နေသူများအနေနဲ့ မဖြစ်မနေ ဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုပါတယ်။



Drivey ဖြင့် လေ့လာနိုင်သော ရေးဖြေစာမေးပွဲ ၅ မျိုး

Drivey သည် ဂျပန်နိုင်ငံတွင် ယာဉ်မောင်းလိုင်စင်ရယူရန် လိုအပ်သော ရေးဖြေစာမေးပွဲ အားလုံးနီးပါးအတွက် ပံ့ပိုးပေးထားပါသည်။

■ သင်တန်းများနှင့် အသုံးပြုနိုင်သူများ

သင်တန်းအမည်

ဘယ်သူတွေအတွက်လဲ?

သာမန်လိုင်စင် (ရေးဖြေစာမေးပွဲ)

သာမန်မော်တော်ယာဉ်လိုင်စင်ရရှိရန် နောက်ဆုံးဖြေဆိုရမည့် ရေးဖြေစာမေးပွဲဖြေဆိုမည့်သူများ

ယာယီလိုင်စင်(ရေးဖြေစာမေးပွဲ)

လမ်းပေါ်လက်တွေ့မောင်းနှင်မှုလေ့ကျင့်ခြင်း သို့ ရေးဖြေစာမေးပွဲဖြေဆိုမည့်သူများ

မော်တော်ဆိုင်ကယ်လိုင်စင် (ရေးဖြေစာမေးပွဲ)

မော်တော်ဆိုင်ကယ် (Gentuki) လိုင်စင်ရယူလိုသူများ

နိုင်ငံခြားလိုင်စင်မှ ပြောင်းလဲခြင်း (ရေးဖြေစာမေးပွဲ)

မိမိနိုင်ငံ၏လိုင်စင်ကို ဂျပန်လိုင်စင်သို့ ပြောင်းလဲလိုသူများ

အဆင့် ၂ လိုင်စင် (ရေးဖြေစာမေးပွဲ)

တက္ကစီ သို့မဟုတ် ဘတ်စ်ကား မောင်းနှင်မည့် ပရော်ဖက်ရှင်နယ်ယာဉ်မောင်း ဖြစ်လိုသူများ

ရေးဖြေစာမေးပွဲများသည်

"အကြမ်းဖျင်းလောက်ရုံ လေ့လာခြင်း" ဖြင့် အောင်မြင်ရန် ခက်ခဲသော စာမေးပွဲများ ဖြစ်ပါသည်။

သို့သော် မှန်ကန်သောနည်းလမ်းဖြင့် လေ့လာမည်ဆိုပါက နိုင်ငံခြားသားများပင်လျှင် တစ်ကြိမ်တည်းဖြင့် အောင်မြင်နိုင်ပါသည်။

ယခုမှစ၍ စာမေးပွဲအကြောင်းအရာ တစ်ခုချင်းစီကို အလွယ်ကူဆုံး ရှင်းပြပေးသွားပါမည်။


သာမန်လိုင်စင်・ရေးဖြေစာမေးပွဲ

သာမန်လိုင်စင်၏ ရေးဖြေစာမေးပွဲသည် လိုင်စင်မရယူမီ နောက်ဆုံးဖြေဆိုရမည့် ရေးဖြေစာမေးပွဲ ဖြစ်ပါသည်။

  • အခြေခံယာဉ်စည်းကမ်းများ

  • လမ်းညွှန်အမှတ်အသားများ၏ အဓိပ္ပာယ်

  • ဘေးကင်းစွာ မောင်းနှင်နည်း

  • ယာဉ်မတော်တဆမှု တားဆီးရန်အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာ ဗဟုသုတများ

  • ယာဉ်မောင်းတစ်ဦးအနေဖြင့် သိရှိရမည့် သတိပြုရန်အချက်များ၊ တာဝန်ဝတ္တရားများနှင့် လုပ်ဆောင်ရမဲ့ အချက်များ

  • ပုံမှန်မဟုတ်သော မောင်းနှင်မှုအခြေအနေများတွင် တုံ့ပြန်ပုံနှင့် အမျိုးမျိုးသော အခြေအနေများအောက်တွင် မောင်းနှင်ရန် လိုအပ်သည့် ဗဟုသုတများ

  • သရုပ်ဖော်ပုံများ အသုံးပြု၍ အန္တရာယ်ရှိသော အခြေအနေများကို ကြိုတင်ခန့်မှန်းခြင်း

စသည့်အချက်များနှင့် ပတ်သက်၍ မှန်/မှား မေးခွန်းများနှင့် တခြားသောမေးခွန်းများ ဖြေဆိုရပါမယ်။ အမှန်တကယ် လမ်းမပေါ်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိတ်ကူးပုံဖော်ပြီး ဖြေဆိုရမည့် မေးခွန်းများလည်း များစွာပါဝင်ပါသည်။ အောင်မြင်ပါက နောက်ဆုံးတွင် သင်သည် ယာဉ်မောင်းလိုင်စင်ကို ရရှိမည် ဖြစ်ပါသည်။


ယာယီလိုင်စင်・ရေးဖြေစာမေးပွဲ

ယာယီလိုင်စင်၏ ရေးဖြေစာမေးပွဲသည် သင်တန်းကျောင်းပြင်ပရှိ လမ်းမများပေါ်တွင် မောင်းနှင်လေ့ကျင့်ခွင့်ရရှိရန်အတွက် လိုအပ်သော စစ်ဆေးမှုဖြစ်ပါသည်။

  • အခြေခံယာဉ်စည်းကမ်းများ

  • လမ်းညွှန်အမှတ်အသားများ၏ အဓိပ္ပာယ်

  • ဘေးကင်းစွာ မောင်းနှင်ရန် လိုအပ်သော အတွေးအခေါ်များ

စသည်တို့ကို မှန်/မှား ပုံစံဖြင့် စစ်ဆေးမည်ဖြစ်သည်။ ဤစစ်ဆေးမှုတွင် အောင်မြင်ပါက "ယာယီလိုင်စင်" ကို ရရှိမည်ဖြစ်သည်။ ထို့နောက် သင်တန်းကျောင်းမှ နည်းပြနှင့်အတူ အမှန်တကယ် လမ်းမပေါ်တွင် မောင်းနှင်လေ့ကျင့်နိုင်မည် ဖြစ်ပါသည်။


နိုင်ငံခြားလိုင်စင်မှ ပြောင်းလဲခြင်း・ရေးဖြေစာမေးပွဲ

နိုင်ငံခြားလိုင်စင်မှ ဂျပန်လိုင်စင်သို့ ပြောင်းလဲခြင်း (Gaimen Kirikae) ၏ ရေးဖြေစာမေးပွဲဆိုသည်မှာ နိုင်ငံခြားယာဉ်မောင်းလိုင်စင်ကို ဂျပန်လိုင်စင်သို့ ပြောင်းလဲမည့်သူများအတွက် စစ်ဆေးမှုဖြစ်ပါသည်။

  • ဂျပန်နိုင်ငံ၏ ယာဉ်စည်းကမ်းများ

  • ဂျပန်နိုင်ငံတွင်သာရှိသော လမ်းညွှန်အမှတ်အသားများ

  • ဂျပန်လမ်းမများပေါ်တွင် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာ အတွေးအခေါ်များ

စသည်တို့ကို မေးခွန်းများဖြင့် စစ်ဆေးပါသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစ၍ ဤစစ်ဆေးမှုသည် ပိုမိုခက်ခဲလာခဲ့ပါသည်။ မေးခွန်းအရေအတွက် ပိုများလာပြီး အကြောင်းအရာများကို "နက်နက်ရှိုင်းရှိုင်း နားလည်မှုရှိမရှိ" စစ်ဆေးသည့် ပုံစံမျိုး ဖြစ်လာပါသည်။ ထို့ကြောင့် ကြိုတင်လေ့လာထားရန်မှာ အလွန်အရေးကြီးပါသည်။ Drivey တွင် ဤပုံစံသစ်နှင့် ကိုက်ညီသော အကြောင်းအရာများ ပါဝင်ပြီးသား ဖြစ်ပါသည်။


မော်တော်ဆိုင်ကယ်လိုင်စင် (Gentuki) ・ရေးဖြေစာမေးပွဲ

မော်တော်ဆိုင်ကယ်လိုင်စင်၏ရေးဖြေစာမေးပွဲသည် ဆိုင်ကယ်အသေးစား (Gentuki) ကို ဘေးကင်းစွာ မောင်းနှင်နိုင်ရန်အတွက် ဗဟုသုတများကို စစ်ဆေးသည့် စာမေးပွဲဖြစ်ပါသည်။

  • အရှိန်နှုန်းဆိုင်ရာ စည်းကမ်းများ

  • လမ်းညွှန်အမှတ်အသားနှင့် လမ်းပေါ်ရှိ အမှတ်အသားများ

  • လမ်းဆုံလမ်းခွများ သို့မဟုတ် ညဘက်မောင်းနှင်ရာတွင် သတိထားရမည့်အချက်များ

စသည်တို့ကို မှန်/မှား မေးခွန်းများဖြင့် မေးမြန်းပါသည်။ ဆိုင်ကယ်များသည် ကားများနှင့်အတူ လမ်းမပေါ်တွင် မောင်းနှင်ရခြင်းဖြစ်သောကြောင့် မှန်ကန်သောဗဟုသုတ မရှိပါက အလွန်အန္တရာယ်များပါသည်။ ဤစာမေးပွဲသည် ထို "အနိမ့်ဆုံးအဆင့် ဘေးကင်းလုံခြုံရေး" ကို အတည်ပြုရန်အတွက် အလွန်အရေးကြီးသော စစ်ဆေးမှုဖြစ်ပါသည်။


အဆင့် ၂ လိုင်စင်・ရေးဖြေစာမေးပွဲ

အဆင့် ၂ လိုင်စင်ဆိုသည်မှာ

ခရီးသည်များကို တင်ဆောင်ပြီး အခကြေးငွေယူကာ မောင်းနှင်မည့် ပရော်ဖက်ရှင်နယ် ယာဉ်မောင်းဖြစ်ရန် လိုအပ်သော လိုင်စင်ဖြစ်ပါသည်။ (ဥပမာ - တက္ကစီ၊ ဘတ်စ်ကား စသည်)

သာမန်လိုင်စင်၏ အကြောင်းအရာများအပြင် အောက်ပါ အဆင့်မြင့်အချက်များကိုပါ မေးမြန်းပါသည် -

  • ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရမည့်နည်းလမ်းများ

  • ယာဉ်မောင်းနှင်မှု စီမံခန့်ခွဲမှု (Operation Management)

  • ခရီးသည်များနှင့် ဆက်သွယ်မှု (Etiquette/Hospitality)

  • မိုးရွာခြင်း၊ နှင်းကျခြင်း၊ ညဘက် စသည့် ဆိုးရွားသောအခြေအနေများတွင် အန္တရာယ်ကို ကြိုတင်ခန့်မှန်းခြင်း

စာများကို သေချာစဉ်းစားဖြေဆိုရမည့် မေးခွန်းများ ပိုများလာပါသည်။ သေချာနားလည်ထားခြင်း မရှိပါက အလွယ်တကူ အောင်မြင်ရန် ခက်ခဲသော စာမေးပွဲဖြစ်ပါသည်။


Drivey ကို ရွေးချယ်ရသည့် အချက် ၅ ချက်

Drivey သည် ရိုးရိုးသင်ယူမှုအက်ပ်တစ်ခုပဲ မဟုတ်ပါဘူး။

"စာမေးပွဲအောင်ဖို့ လိုအပ်သမျှ" ကို တစ်နေရာတည်းတွင် စုစည်းထားသည့် သင်ယူမှုပလက်ဖောင်း တစ်ခုဖြစ်ပါသည်။

ထို့ကြောင့် ဖြေဆိုသူများစွာထံမှ "အသုံးပြုရလွယ်ကူသည်"၊ "နားလည်ရလွယ်ကူသည်" ဟု အသိအမှတ်ပြုမှုများကို ရရှိထားပါသည်။ ဤနေရာတွင် Drivey ၏ အားသာချက် ၅ ချက်ကို ခွဲခြားမိတ်ဆက်ပေးပါမည်။


① ဘယ်နေရာ၊ ဘယ်အချိန်ဖြစ်ဖြစ် လေ့လာနိုင်သည်။

"အားလပ်တဲ့အချိန်" ကို "အောင်မြင်မှုအချိန်" အဖြစ် ပြောင်းလဲလိုက်ပါ။

Drivey သည် ဖုန်း သို့မဟုတ် ကွန်ပျူတာရှိရုံဖြင့် နေရာမရွေး ချက်ချင်း စတင်လေ့လာနိုင်ပါသည်။

  • ရထားဖြင့် အလုပ်သွား/ကျောင်းသွားချိန်

  • အလုပ်နားချိန်

  • အိပ်ရာမဝင်ခင် ၁၀ မိနစ်

ဤကဲ့သို့သော "အချိန်တိုလေးများ" တွင် အက်ပ်ကို ဖွင့်လိုက်ရုံဖြင့် လေ့လာနိုင်ပါသည်။

ဗီဒီယိုနှင့် စာသားများကို အချိန်တိုအတွင်း နားလည်လွယ်စေရန် ပြုလုပ်ထားသောကြောင့် "စားပွဲမှာ ထိုင်ပြီး အကြာကြီး စာကျက်ရမည်" ဆိုသည့် စိတ်ဖိစီးမှု မရှိပါ။

အလုပ်များသူများပင်လျှင် တစ်နေ့ထက်တစ်နေ့ စဉ်ဆက်မပြတ် လေ့လာသွားရုံဖြင့် သတိမထားမိခင်မှာတင် အရည်အချင်းများ တိုးတက်လာမှာပါ။


② ဘာသာစကား ၆ မျိုးဖြင့် လေ့လာနိုင်ခြင်း

နိုင်ငံခြားသားများအတွက် "မိမိဘာသာစကား" ဖြင့် နားလည်နိုင်ခြင်း

Drivey သည် အောက်ပါ ဘာသာစကား ၆ မျိုးဖြင့် လေ့လာနိုင်ပါသည်။

  • ဂျပန်

  • အင်္ဂလိပ်

  • တရုတ်

  • ဗီယက်နမ်

  • အင်ဒိုနီးရှား

  • မြန်မာ

ရိုးရိုးတိုက်ရိုက် ဘာသာပြန်ထားခြင်းမျိုး မဟုတ်ဘဲ

ဘာသာစကားတစ်ခုချင်းစီအလိုက် "နားလည်ရလွယ်ကူသော အသုံးအနှုန်းများ" ဖြစ်အောင် သေချာဘာသာပြန်ထားပါသည်။

ထို့ကြောင့် ခက်ခဲသော ယာဉ်စည်းကမ်းနှင့် ဥပဒေအသုံးအနှုန်းများကို

မိခင်ဘာသာစကားဖြင့် နားလည်သကဲ့သို့ အလွယ်တကူ သဘောပေါက်နိုင်မည် ဖြစ်သည်။

"ဂျပန်စာလေ့လာခြင်း" ကို အချိန်ကုန်မခံတော့ဘဲ "လိုင်စင်အတွက်လေ့လာခြင်း" ကိုသာ အာရုံစိုက်နိုင်ခြင်းက အဓိကအချက်ဖြစ်သည်။


③ မိမိရဲ့အားနည်းတဲ့အပိုင်းကို ချက်ချင်းသိနိုင်သော Dashboard

"ကြိုးစားရမည့် ပမာဏ" ထက် "ထိရောက်သော နည်းလမ်း" ဖြင့် လေ့လာပါ

လေ့လာမှုတွင် အခက်ခဲဆုံးမှာ "မိမိ ဘာကို တတ်ပြီး ဘာကို အားနည်းနေသေးသလဲ" ဆိုသည်ကို သိရှိဖို့ ဖြစ်သည်။

Drivey ၏ Dashboard (သင်ယူမှုမျက်နှာပြင်) ကို ကြည့်လိုက်ရုံဖြင့် အောက်ပါတို့ကို ချက်ချင်း သိနိုင်ပါသည်-

  • မည်သည့်အခန်းတွင် အားနည်းနေသေးသလဲ

  • မကြာသေးမီက မှားယွင်းခဲ့သော မေးခွန်းများမှာ ဘာတွေလဲ

  • မည်မျှအထိ လေ့လာပြီးပြီလဲ

  • စာမေးပွဲအောင်ဖို့အတွက် ဘယ်လောက်လိုသေးသလဲ

ဒါကို တစ်ချက်ကြည့်ရုံဖြင့်

"နောက်ထပ် ဘာကိုဆက်လုပ်ရမလဲ" ဆိုပြီး ဝေခွဲမရဖြစ်ရတဲ့ အချိန်တွေကို လျှော့ချပေးနိုင်ပါတယ်။

လေ့လာရမယ့် ပမာဏကို အရမ်းတိုးတာမျိုး မဟုတ်ဘဲ "တကယ်လိုအပ်တဲ့ အစိတ်အပိုင်းတွေကိုပဲ အာရုံစိုက် လေ့လာနိုင်တာ" က Drivey ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။


④ "နားလည်ခြင်း → မှတ်မိခြင်း → အသုံးချနိုင်ခြင်း" ကို ဖြစ်စေသည့် သင်ယူမှုနည်းလမ်း ၃ မျိုး

ရေးဖြေစာမေးပွဲသည် အလွတ်ကျက်ရုံဖြင့် အောင်မြင်ရန် ခက်ခဲပါသည်။

"နားလည်ခြင်း"၊ "မှတ်မိခြင်း" နှင့် "လက်တွေ့ ဆုံးဖြတ်နိုင်ခြင်း" ဟူသော ၃ ချက် က အရေးကြီးပါသည်။

၁။ဗီဒီယိုဖြင့် "နားလည်ခြင်း":

ပုံစံငယ်များနှင့် အန်နီမေးရှင်းများ အသုံးပြု၍ ယာဉ်စည်းကမ်းများကို ကြည့်ရုံဖြင့် မြင်သာအောင် ရှင်းပြပေးထားပါသည်။ (စစ်ဆေးရေးမှူးများ ကိုယ်တိုင် ကြီးကြပ်ထားသဖြင့် ယုံကြည်စိတ်ချရပါသည်။)

၂။အမေးအဖြေ (Q&A) ဖြင့် "မှတ်မိခြင်း":

တစ်ခုချင်းစီ မေးဖြေသည့်ပုံစံဖြင့် ဂိမ်းကစားသကဲ့သို့ ဖြေဆိုရင်း သဘာဝအတိုင်း မှတ်မိစေပါသည်။

၃။Mini-test ဖြင့် "လေ့ကျင့်နိုင်ခြင်း":

အခန်းတစ်ခုချင်းစီရဲ့ အဆုံးမှာ Mini-test (စစ်ဆေးမှုအသေးစား) လေးတွေ ရှိပါတယ်။

ဒါကြောင့် စာမေးပွဲမဖြေခင် မိမိရဲ့ အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာကို ကြိုတင်စစ်ဆေးနိုင်မှာပါ။

ဒီအချက် ၃ ချက်ကို ထပ်ခါတလဲလဲ လေ့ကျင့်ပေးခြင်းဖြင့်

“နားလည်သဘောပေါက်ခြင်း → တတ်မြောက်ကျွမ်းကျင်ခြင်း → အောင်မြင်ခြင်း”

ဆိုတဲ့ အစီအစဉ်အတိုင်း စာမေးပွဲအောင်ဖို့အတွက် ရောက်ရှိမှာဖြစ်ပါတယ်။


⑤ Mini-test မှပုံစံတူစာမေးပွဲအထိ

စာမေးပွဲအစစ်အတိုင်း လေ့ကျင့်နိုင်ခြင်း

Drivey သည် သင်ကြားပြသပေးရုံတင်သက်သက်မဟုတ်ဘဲ "စာမေးပွဲတွင် မိမိ၏စွမ်းဆောင်ရည်ကို အပြည့်အဝထုတ်သုံးနိုင်ရန်" လေ့ကျင့်ပေးသည့် Training Tool တစ်ခုလည်း ဖြစ်ပါသည်။

  • လမ်းညွှန်အမှတ်အသား (Signs) သီးသန့်စစ်ဆေးခြင်း

  • လမ်းပေါ်အမှတ်အသား (Markings) သီးသန့်စစ်ဆေးခြင်း

  • ကဏ္ဍအလိုက် လေ့ကျင့်ခန်းမေးခွန်းများ

  • မိမိအားနည်းချက်များကိုသာ စုစည်းထားသော မေးခွန်းတွဲများ

  • အချိန်ကန့်သတ်ချက်ပါဝင်သော ပုံစံတူစာမေးပွဲ (Mock Test)

စသည့် စစ်ဆေးမှုအမျိုးမျိုးဖြင့် မိမိ၏ လက်ရှိအရည်အချင်းကို အမြဲမပြတ် စစ်ဆေးနိုင်ပါသည်။

အထူးသဖြင့် အချိန်သတ်မှတ်ထားသော ပုံစံတူစာမေးပွဲများသည် စာမေးပွဲအစစ်အတိုင်း လေ့ကျင့်နိုင်တာကြောင့် အောင်မြင်မှုနှုန်းကို သိသိသာသာ မြင့်တက်စေပါသည်။

Drivey သည်

"ဗဟုသုတများ ဖြည့်ဆည်းပေးရုံ" သာမက "စာမေးပွဲအောင်မြင်နိုင်မည့် အရည်အချင်း" များတိုးတက်လာသည်အထိ လုပ်ပေးနိုင်ပါသည်။


အနှစ်ချုပ် - Drivey ဖြင့် စာမေးပွဲအောင်မြင်ဖို့အတွက် ကြိုးစားကြပါစို့

Drivey သည် သတ်မှတ်ထားသော ယာဉ်မောင်းသင်တန်းကျောင်းမှ စစ်ဆေးရေးမှူးများ ကိုယ်တိုင် ကြီးကြပ်ပြီး ကျွမ်းကျင်ဆရာများက ရှင်းလင်းသင်ကြားပေးထားသည့် ရေးဖြေစာမေးပွဲ လေ့လာရေးအက်ပ်တစ်ခု ဖြစ်ပါသည်။

  • ဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် အိမ်မှာရော အပြင်မှာပါ လွယ်ကူစွာ လေ့လာနိုင်သည်။

  • နိုင်ငံခြားသားများအတွက်လည်း မိမိဘာသာစကားဖြင့် နားလည်အောင် သင်ယူနိုင်သည်။

  • အားလပ်တဲ့အချိန်လေးတွေကို အသုံးပြုပြီး ပင်ပန်းမှုမရှိဘဲ စဉ်ဆက်မပြတ် လေ့လာနိုင်သည်။

  • မိမိ၏အားနည်းနေတဲ့ အပိုင်းများကို သိနိုင်သောကြောင့် အချိန်ကုန်သက်သာပြီး ထိရောက်သော လေ့လာမှုကို ဖြစ်စေသည်။

  • Mini-test နှင့် ပုံစံတူစာမေးပွဲများဖြင့် စာမေးပွဲအစစ်အတွက် အပြည့်အဝ ပြင်ဆင်နိုင်သည်။

"ထိရောက်စွာ၊ နားလည်လွယ်စွာ၊ နှင့် သေချာပေါက်" ရေးဖြေစာမေးပွဲ အောင်ခြင်းတဲ့သူများအတွက်

အထူးအကြံပြုလိုသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။

ဂျပန်မှာ ယာဉ်မောင်းလိုင်စင် ရယူချင်တဲ့ သင့်အတွက်...

Drivey ကို ထိထိရောက်ရောက် အသုံးပြုပြီး တစ်ကြိမ်တည်းနဲ့ အောင်မြင်အောင် အတူတူ ကြိုးစားကြပါစို့။