Drivey နဲ့ စာမေးပွဲကို အမြန်ဆုံး၊ တစ်ကြိမ်တည်းနဲ့ အောင်မြင်ဖို့အတွက် အထိရောက်ဆုံး သင်ယူနည်းများရဲ့ရှင်းပြချက်

Drivey နဲ့ စာမေးပွဲကို အမြန်ဆုံး၊ တစ်ကြိမ်တည်းနဲ့ အောင်မြင်ဖို့အတွက်  အထိရောက်ဆုံး သင်ယူနည်းများရဲ့ရှင်းပြချက်

ယာဉ်မောင်းလိုင်စင် စာမေးပွဲများအတွက် စိုးရိမ်နေပါသလား?

  • ဘယ်လိုလေ့လာရမလဲ မသိဖြစ်နေခြင်း

  • မေးခွန်းနယ်ပယ် ကျယ်ပြန့်လွန်းသဖြင့် အခက်တွေ့နေခြင်း

  • တစ်ကြိမ်တည်းနှင့် အောင်မြင်နိုင်မည်ဟု မယုံကြည်ခြင်း

အထူးသဖြင့် ဂျပန်တွင် နေထိုင်သော နိုင်ငံခြားသားများအတွက်၊ ဂျပန်ယာဉ်မောင်းလိုင်စင် စာမေးပွဲများသည် အောင်မှတ် ၉၀% ကျော် ရရှိရန်လိုအပ်ပြီး အောင်ဖို့လဲ ခက်ပါတယ်။သေချာပြင်ဆင်မှုမရှိပါက တစ်ကြိမ်တည်းနှင့် အောင်မြင်ရန် မလွယ်ကူပါ။ဒီအခက်အခဲတွေကို ဖြေရှင်းရန်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရေးဖြေစာမေးပွဲများကို လေ့လာဖို့ Drivey ကို ထုတ်လုပ်ခဲ့ပါသည်။

ဤဆောင်းပါးတွင်Drivey ကို အသုံးပြုပြီး အချိန်တိုတိုနဲ့ အောင်မြင်မဲ့နည်းလမ်းများကိုနားလည်လွယ်အောင် ရှင်းလင်းတင်ပြပေးပါမည်။


Drivey ဖြင့် ပြင်ဆင်နိုင်သော စာမေးပွဲများအတွက် သင်တန်း ၅ မျိုး

Drivey သည်ဂျပန်တွင် ယာဉ်မောင်းလိုင်စင်ရဖို့ လိုအပ်တဲ့ရေးဖြေစာမေးပွဲအားလုံးအတွက် အသုံးပြုနိုင်ပါသည်။

သင်တန်းအမျိုးအစားများ

သင်တန်း

ရည်ရွယ်ထားသောသူများ

သာမန်လိုင်စင် (ရေးဖြေစာမေးပွဲ)

သာမန်ကားလိုင်စင်အတွက် နောက်ဆုံးရေးဖြေစာမေးပွဲ

ယာယီလိုင်စင် (ရေးဖြေစာမေးပွဲ)

လမ်းပေါ်တွင် လေ့ကျင့်ဖို့အတွက် လိုအပ်သော ရေးဖြေစာမေးပွဲ

မော်ပက်လိုင်စင် (ရေးဖြေစာမေးပွဲ)

မော်ပက်လိုင်စင် ရယူလိုသူများ

နိုင်ငံခြားလိုင်စင် ပြောင်းလဲခြင်း (ရေးဖြေစာမေးပွဲ)

နိုင်ငံခြားလိုင်စင်ကို ဂျပန်လိုင်စင်သို့ ပြောင်းလိုသူများ

အဆင့် ၂ လိုင်စင် (ရေးဖြေစာမေးပွဲ)

တက္ကစီ၊ ဘတ်စ်ကား စတဲ့ ပရော်ဖက်ရှင်နယ် ယာဉ်မောင်းများ

မည်သည့်သင်တန်းမဆို သေချ ပြင်ဆင်မှု မရှိရင် တစ်ကြိမ်တည်းနဲ့ အောင်မြင်ရန် ခက်ခဲပါသည်။


သာမန်လိုင်စင်・ရေးဖြေစာမေးပွဲ

လိုင်စင်ရရှိရန် နောက်ဆုံးအဆင့်တွင် ဖြေဆိုရမည့် အရေးကြီးသော ရေးဖြေစာမေးပွဲဖြစ်ပါသည်။ ယာဉ်စည်းကမ်း၊ လမ်းညွှန်အမှတ်အသား၊ ဘေးကင်းစွာ မောင်းနှင်ခြင်းနှင့် အန္တရာယ်ကြိုတင်ခန့်မှန်းခြင်း စသည်တို့ကို ခြုံငုံ၍ မေးမြန်းပါသည်။ မှန်/မှား မေးခွန်းများနှင့် မေးခွန်းများကို အဓိကထားပြီး၊ လက်တွေ့ယာဉ်ကြောအခြေအနေများကို စိတ်ကူးပုံဖော်ဖြေဆိုရသည့် မေးခွန်းများလည်း များစွာပါဝင်ပါသည်။ အောင်မြင်ပါက ယာဉ်မောင်းလိုင်စင်ရမည်ဖြစ်ပါသည်။

ယာယီလိုင်စင်・ရေးဖြေစာမေးပွဲ

လမ်းပေါ်သို့ထွက်၍ မောင်းနှင်ရန်အတွက် ပထမဆုံးဖြေရတဲ့ရေးဖြေစာမေးပွဲဖြစ်ပါသည်။ ယာဉ်စည်းကမ်းဥပဒေ၊ လမ်းညွှန်အမှတ်အသားနှင့် အခြေခံစည်းမျဉ်းများကို အဓိကထား၍ မှန်/မှား ပုံစံဖြင့် မေးမြန်းကာ၊ အစပြုသူများ သိထားသင့်သည့် အခြေခံဗဟုသုတများကို စစ်ဆေးပါသည်။ အောင်မြင်ပါက ယာယီလိုင်စင် ထုတ်ပေးမည်ဖြစ်ပြီး အဲ့လက်မှတ်ဖြင့် လမ်းပေါ်တွင် လက်တွေ့မောင်းနှင်သင်ယူခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

နိုင်ငံခြားလိုင်စင်မှ ပြောင်းလဲခြင်း・ရေးဖြေစာမေးပွဲ

နိုင်ငံခြားလိုင်စင်ကို ဂျပန်လိုင်စင်သို့ ပြောင်းလဲရာတွင် မဖြစ်မနေဖြေဆိုရမည့် ရေးဖြေစာမေးပွဲဖြစ်သည်။ ဂျပန်နိုင်ငံ၏ သီးခြားလမ်းညွှန်အမှတ်အသားများ၊ လမ်းစည်းကမ်းဥပဒေများနှင့် ဘေးကင်းစွာ မောင်းနှင်ခြင်းဆိုင်ရာ အတွေးအခေါ်များကို စာသားမေးခွန်းများဖြင့် စစ်ဆေးသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် အောင်ဖို့ပိုခက်လာတာဖြစ်တဲ့အတွက် ပိုပြီးနားလည်ဖို့လိုအပ်တဲ့ စာမေးပွဲဖြစ်လာပါသည်။

မော်တော်ဆိုင်ကယ်လိုင်စင်・ရေးဖြေစာမေးပွဲ

မော်တော်ဆိုင်ကယ်ကို ဘေးကင်းစွာ မောင်းနှင်နိုင်ရန် လိုအပ်သော အခြေခံဗဟုသုတများကို စစ်ဆေးသည့် စာမေးပွဲဖြစ်ပါသည်။ မှန်/မှား ပုံစံဖြင့် အမြန်နှုန်း၊ လမ်းညွှန်အမှတ်အသားနှင့် အန္တရာယ်ကြိုတင်ခန့်မှန်းခြင်းတို့ကို စာသားတိုများဖြင့် ဆုံးဖြတ်ရသော မေးခွန်းများကို အဓိကထားပါသည်။

အဆင့် ၂ လိုင်စင်・ရေးဖြေစာမေးပွဲ

ခရီးသည်များကို ဘေးကင်းစွာ ပို့ဆောင်မည့် ပရော်ဖက်ရှင်နယ် ယာဉ်မောင်းများအတွက် စာမေးပွဲဖြစ်ပါသည်။ သာမန်ယာဉ်မောင်းများ သိသင့်သည့်အချက်များအပြင် ခရီးသည်ဘေးကင်းလုံခြုံရေး၊ ယာဉ်မောင်းနှင်မှု စီမံခန့်ခွဲမှု၊ ဧည့်ဝတ်ကျေပွန်မှုနှင့် အန္တရာယ်ကြိုတင်ခန့်မှန်းခြင်း စသည့် အထူးပြုမေးခွန်းများစွာ ပါဝင်တဲ့ မေးခွန်းများနှင့် အသုံးချမေးခွန်းများကို အဓိကထား မေးမြန်းပါသည်။


Drivey ကို ရွေးချယ်ရသည့် အချက် ၅ ချက်

Driveyသည် ရိုးရိုးသင်ယူမှု အက်ပ်တစ်ခုပဲ မဟုတ်ပါဘူး။

Drivey သည် “ရေးဖြေစာမေးပွဲ အောင်မြင်ရန် လိုအပ်သမျှ အားလုံး” ကို တစ်နေရာတည်းတွင် စုစည်းထားသည့် အကောင်းဆုံး သင်ယူမှုပလက်ဖောင်း တစ်ခုဖြစ်ပါတယ်။

ဤနေရာတွင် Drivey ၏ အားသာချက်များကို အသေးစိတ် မိတ်ဆက်ပေးပါမည်။

① ဘယ်နေရာ၊ ဘယ်အချိန်ဖြစ်ဖြစ်။ "အားတဲ့အချိန်" ကို မိမိရဲ့အရည်အချင်းအဖြစ် ပြောင်းလဲလိုက်ပါ

Drivey ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ နေရာမရွေး၊ မိမိလေ့လာချင်တဲ့အချိန်မှာ ချက်ချင်း လေ့လာနိုင်တာပဲ ဖြစ်ပါတယ်။

မနက်ခင်း အလုပ်သွားတဲ့ရထားပေါ်မှာပဲဖြစ်ဖြစ်၊ အနားယူချိန်မှာပဲဖြစ်ဖြစ်၊ အိပ်ရာမဝင်ခင် ၁၀ မိနစ်မှာပဲဖြစ်ဖြစ်။

ပုံမှန်ဆိုရင် ဒီအတိုင်း ကုန်သွားမယ့်အချိန်တွေမှာ Drivey ကို ဖွင့်လိုက်တာနဲ့ "အောင်မြင်မှုကို ပေးမယ့် လေ့လာမှုအချိန်" အဖြစ် ပြောင်းလဲသွားမှာပါ။

ဒါ့အပြင် ဗီဒီယိုနဲ့ စာသားတွေကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားတဲ့အတွက် အချိန်တိုအတွင်းမှာတောင် အကြောင်းအရာတွေကို အလွယ်တကူ နားလည်သဘောပေါက်စေပါတယ်။

"စားပွဲမှာ ထိုင်မှ စာကျက်လို့ရမယ်" ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို လုံးဝမရှိစေဘဲ သတိမထားမိခင်မှာတင် သင့်ရဲ့အရည်အချင်းတွေ တိုးတက်လာအောင် လုပ်နိုင်ပါမယ်။

အလုပ်များသူတွေအတွက်လည်း အဆင်ပြေစွာ လေ့လာသွားနိုင်ပါတယ်။


② ဘာသာစကား ၆ မျိုးဖြင့် လေ့လာနိုင်ခြင်း။ နိုင်ငံခြားသားများအတွက် "မိမိဘာသာစကားဖြင့် နားလည်နိုင်သော သင်ခန်းစာများ"

ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာဘာသာစကား စသည့် ဘာသာစကား ၆ မျိုးဖြင့် လေ့လာနိုင်ပါသည်။

ရိုးရိုးရှင်းရှင်း ဘာသာပြန်ထားခြင်းမျိုး မဟုတ်ဘဲ ဘာသာစကားတစ်ခုချင်းစီ၏ ကျွမ်းကျင်တဲ့ဝန်ထမ်းများက "နားလည်ရလွယ်ကူသော အသုံးအနှုန်းများ" ဖြစ်အောင် ပြုပြင်ထားပါသည်။

ထို့ကြောင့် ခက်ခဲသော ယာဉ်စည်းကမ်းများနှင့် ဥပဒေအသုံးအနှုန်းများကို မိခင်ဘာသာစကားဖြင့် အလွယ်တကူ သဘောပေါက်နိုင်မည် ဖြစ်သည်။

"ဂျပန်စာလေ့လာခြင်း" မဟုတ်ဘဲ "လိုင်စင်အတွက်လေ့လာခြင်း" ကိုသာ အာရုံစိုက်နိုင်ပါမည်။

ထို့ပြင် ကုမ္ပဏီများတွင် အသုံးပြုလျှင်လည်း နိုင်ငံခြားသားဝန်ထမ်းများအားလုံး တန်းတူညီမျှ လေ့လာနိုင်သော "စံပြသင်ရိုးညွှန်းတမ်း" အဖြစ် အကောင်းဆုံးဖြစ်ပါသည်။

မိမိဘာသာစကားဖြင့် တူညီသော သင်ယူမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။

Drivey သည် ဂျပန်တွင် လိုင်စင်ရယူလိုသော နိုင်ငံခြားသားများအတွက် အားကိုးရဆုံးသော သင်ယူမှုနေရာ ဖြစ်ပါသည်။


③ မိမိအားနည်းတဲ့သင်ခန်းစာများကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သော Dashboard။ "ထိရောက်သော လေ့လာမှု" ကို အလိုအလျောက် ဖော်ပြပေးခြင်း

လေ့လာမှုတွင် အခက်ခဲဆုံးအချက်မှာ "မိမိ ဘာကို နားလည်ပြီး ဘာကို နားမလည်သေးသလဲ" ဆိုသည်ကို သိရှိဖို့ ဖြစ်ပါသည်။

Drivey ၏ Dashboard သည် ၎င်းအချက်ကို ရှင်းလင်း မြင်သာအောင် ပြသပေးပါသည်။

  • မည်သည့်အခန်းတွင် အားနည်းနေသေးသလဲ

  • မကြာသေးခင်က မှားခဲ့သော မေးခွန်းတွေက ဘာတွေလဲ

  • ဘယ်လောက်အထိ လေ့လာပြီးပြီလဲ

  • အောင်ဖို့အတွက် ဘယ်လောက် လိုသေးသလဲ

ဤအချက်များကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သောကြောင့် လေ့လာရာတွင် ဝေခွဲမရဖြစ်ခြင်းများ ပျောက်ကွယ်သွားပြီး လုပ်ဆောင်သင့်သည်များကိုသာ အာရုံစိုက်နိုင်ပါမည်။

အထူးသဖြင့် အားနည်းချက်များကို အလိုအလျောက် ပေါ်လွင်စေသော ဒီဇိုင်းသည် Drivey ၏ထူးခြားချက် ဖြစ်ပါသည်။

"လေ့လာရမည့် ပမာဏကို တိုးမြှင့်ခြင်း" မဟုတ်ဘဲ "လိုအပ်သည့် နေရာကိုသာ အာရုံစိုက် လေ့လာခြင်း" ဟူသော အထိရောက်ဆုံး သင်ယူမှုကို ဖြစ်စေပါသည်။


④ နားလည်ဖို့ လွယ်ကူတဲ့ “သင်ယူမှုနည်းလမ်း ၃ မျိုး” ဖြင့် စာမေးပွဲအောင်ဖို့ လိုအပ်သော လေ့ကျင့်မှုများကို အမြန်ဆုံး ရယူနိုင်ခြင်း

ရေးဖြေစာမေးပွဲသည် ရိုးရိုးရှင်းရှင်း အလွတ်ကျက်ရုံဖြင့် မလုံလောက်ပါ။ အမှန်တကယ် လိုအပ်သည်မှာ “နားလည်ခြင်း”၊ “မှတ်မိခြင်း” နှင့် “ဆုံးဖြတ်ခြင်း” ဟူသော အချက် ၃ ချက်ကို မျှတစွာ တတ်မြောက်ထားရန် ဖြစ်ပါသည်။

Drivey တွင် ဤလေ့ကျင့်မှု ၃ မျိုးကို အမြန်ဆုံး သိရှိနိုင်ဖို့အတွက် အောက်ပါ သင်ယူမှုနည်းလမ်းများကို ထည့်သွင်းထားပါသည်။

၁။ ဗီဒီယိုဖြင့် လေ့လာခြင်း

ခက်ခဲသော ယာဉ်စည်းကမ်းများနှင့် အန္တရာယ်ရှိသော အခြေအနေများကို ပုံဖော်ချက်များ၊ အန်နီမေးရှင်းများ အသုံးပြုကာ “ကြည့်ရုံဖြင့် နားလည်စေရန်” ပုံစံထုတ်ထားပါသည်။ သတ်မှတ်ထားသော ယာဉ်မောင်းသင်တန်းကျောင်းမှ စစ်ဆေးရေးမှူးများ ကိုယ်တိုင် ကြီးကြပ်ထားခြင်းကြောင့် အကြောင်းအရာများ၏ ယုံကြည်စိတ်ချရမှုမှာ အမြင့်ဆုံးအဆင့် ဖြစ်ပါသည်။

၂။ အပြန်အလှန် အမေးအဖြေ (Q&A) ဖြင့် လေ့လာခြင်း

တစ်ခုချင်းစီကို မြန်ဆန်သော မေးဖြေသည့်ပုံစံဖြင့် လေ့လာနိုင်ပါသည်။ နားလည်ထားသည်များကိုလဲ ချက်ချင်း ပြန်လည်အသုံးချနိုင်သောကြောင့် မမေ့နိုင်အောင် ကူညီပေးနိုင်ပါသည်။

၃။ နားလည်မှုစစ်ဆေးခြင်း (Test) ဖြင့် အားနည်းချက်များကို လေ့လာခြင်း

အခန်းတစ်ခုချင်းစီအတွက် Mini-test များ ပြုလုပ်ပေးပါသည်။ စာမေးပွဲစစ်စစ် မတိုင်မီ မိမိ၏ အရည်အချင်းကို တိကျစွာ သိရှိနိုင်မည် ဖြစ်ပါသည်။

ဤအချက် ၃ ချက် ပေါင်းစပ်လိုက်ခြင်းဖြင့်

“နားလည်ခြင်း → တတ်မြောက်ခြင်း → အောင်မြင်ခြင်း”

ဟူသော အတိုဆုံး လေ့လာမှုကို ဖြစ်စေပါသည်။


⑤ Mini-test မှ ပုံစံတူစာမေးပွဲအထိ။ “စာမေးပွဲများကို အဆင့်ဆင့်” ဖြင့် ပြင်ဆင်ပေးခြင်း

Drivey သည် ရိုးရိုးသင်ယူမှုအက်ပ်တစ်ခုမဟုတ်ဘဲ စာမေးပွဲများကို အဆင့်ဆင့်ပြင်ဆင်ပေးခြင်းဖြင့် လေ့ကျင့်ပေးတဲ့ App တစ်ခုဖြစ်ပါသည်။

လမ်းညွှန်အမှတ်အသား (Sign) စစ်ဆေးခြင်း

လမ်းပေါ်အမှတ်အသား (Marking) စစ်ဆေးခြင်း

အခန်းအလိုက် လေ့ကျင့်ခန်းများ

အားနည်းချက်များကိုသာ အာရုံစိုက်ဖြေဆိုရမည့် မေးခွန်းတွဲများ

အချိန်ကန့်သတ်ချက်ပါသော ပုံစံတူစာမေးပွဲ (Mock Test)

ဤအချက်များကို စိတ်ကြိုက်အသုံးပြုနိုင်သောကြောင့် မိမိ၏ လက်ရှိလေ့လာမှု အခြေအနေကို တိုင်းတာရင်း စာမေးပွဲများအတွက် ပြင်ဆင်မှုများကို လုပ်ဆောင်နိုင်ပါသည်။ အထူးသဖြင့် ပုံစံတူစာမေးပွဲများသည် “စာမေးပွဲအစစ်ကဲ့သို့ ” အတွေ့အကြုံကိုကြိုတင်ရစေသည့်အတွက် အောင်မြင်မှုနှုန်းကို သိသိသာသာ မြင့်တက်စေပါသည်။ Drivey သည် လေ့လာရုံတင်မကဘဲ “အောင်မြင်ဖို့အတွက် အဆင်သင့်” လုပ်ပေးသည့် အက်ပ်ဖြစ်ပါသည်။


အနှစ်ချုပ်

Drivey သည် သတ်မှတ်ထားသော ယာဉ်မောင်းသင်တန်းကျောင်းမှ စစ်ဆေးရေးမှူးများ ကိုယ်တိုင်ကြီးကြပ်၍ ရှင်းလင်သော ဗီဒီယိုသင်ခန်းစာများကို အိမ်မှာဖြစ်စေ၊ အပြင်မှာဖြစ်စေ လွယ်ကူစွာ လေ့လာနိုင်သည့် စာမေးပွဲအတွက် ပြင်ဆင်ပေးတဲ့ အက်ပ်တစ်ခုဖြစ်ပါသည်။

“ထိရောက်စွာ၊ နားလည်လွယ်စွာ၊ သေချာပေါက်” ကဲ့သို့ အကောင်းဆုံး လေ့လာမှုကို ပေးနိုင်ပါသည်။ သင့်တင့်သောဈေးနှုန်းဖြင့် အောင်မြင်မှုကို ရယူလိုပါက Drivey ကို မဖြစ်မနေ အသုံးပြုကြည့်ပါရန် တိုက်တွန်းလိုပါသည်။