
Drivey ရဲ့ ယာယီလိုင်စင် (Karimen) ရေးဖြေစာမေးပွဲအတွက် သင်တန်းတွင် -
ကဏ္ဍအလိုက် လေ့လာနိုင်သော ဗီဒီယိုသင်ခန်းစာများ (ဗီဒီယို၊ Q&A၊ Mini-test)
စာမေးပွဲအစစ်နှင့် ပုံစံတူ မေးခွန်းဟောင်းများ
မကြာခဏ ပါဝင်လေ့ရှိသော စကားလုံးများကို စုစည်းထားသည့် ဝေါဟာရများ
စသည့် ယာယီလိုင်စင်ရေးဖြေစာမေးပွဲအတွက် လိုအပ်သည့် အကြောင်းအရာအားလုံးကို ပြည့်စုံစွာ စုစည်းပေးထားပါသည်။
ဤဆောင်းပါးတွင် -
"အခုမှ စတင်လေ့လာချင်ပေမဲ့ ဘယ်ကနေ စရမလဲ မသိတဲ့သူတွေ"
"အကောင့်ဖွင့်ပြီးပြီ၊ ဒါပေမဲ့ ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိသေးတဲ့သူတွေ"
အတွက် အကြံပြုလိုသည့် လေ့လာမှုအဆင့်ဆင့်ကို မိတ်ဆက်ပေးသွားပါမည်။
မာတိကာ
၁။【နောက်ဆုံးရ】ယာယီလိုင်စင် ရေးဖြေစာမေးပွဲ၏ အကျဉ်းချုပ်
၁-၁။ မေးခွန်းပုံစံ
၁-၂။ မေးခွန်းနယ်ပယ်
၁-၃။ စာမေးပွဲ၏ အခြေခံအချက်အလက်များ (အမျိုးအစားများ)
၂။「နားလည်ခြင်း → မှတ်မိခြင်း → စစ်ဆေးခြင်း」လေ့လာမှုနည်းလမ်း ၃ ခု
၂-၁။ လေ့လာမှုသင်ခန်းစာများ (ယာယီလိုင်စင် ရေးဖြေစာမေးပွဲအပိုင်း)
၂-၂။ ဝေါဟာရများ
၂-၃။ စစ်ဆေးမှု ၄ မျိုးဖြင့် အဆင့်ဆင့်လေ့လာခြင်း
၃။တစ်ကြိမ်တည်းဖြင့် အောင်မြင်ရန် သိထားသင့်သည့်အချက်များ
၄။နိဂုံး
၁။ 【နောက်ဆုံးရ】ယာယီလိုင်စင် ရေးဖြေစာမေးပွဲ၏ အကျဉ်းချုပ်
(က) မေးခွန်းပုံစံ
ယာယီလိုင်စင်စာမေးပွဲကို အောက်ပါပုံစံအတိုင်း ကျင်းပပါသည် -
မေးခွန်းများ -မေးခွန်း ၅၀
အကြောင်းအရာတစ်ခုသည် "မှန်ကန်သလား" သို့မဟုတ် "မှားနေသလား" ကို ဆုံးဖြတ်ရသည့် အမှန်/အမှား (◯×) ပုံစံ မေးခွန်းများ ဖြစ်ပါသည်။
(ခ) မေးခွန်းနယ်ပယ်
မေးခွန်းများတွင် အောက်ပါအကြောင်းအရာများနှင့် သက်ဆိုင်သည့် အချက်များ ပါဝင်ပါသည် -
လမ်းလျှောက်သူနှင့် ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းများ
အခြေခံထားရှိရမည့် စိတ်နေစိတ်ထား
မီးပွိုင့်၊ လမ်းညွှန်အမှတ်အသားနှင့် လမ်းပေါ်ရှိ အမှတ်အသားများကို လိုက်နာခြင်း
ရဲအရာရှိ စသည်တို့၏ ညွှန်ကြားချက်များကို လိုက်နာခြင်း
လမ်းမပေါ်တွင် မပြုလုပ်ရမည့် အချက်များ
မော်တော်ယာဉ် မမောင်းနှင်မီ သိထားရမည့်အချက်များနှင့် မောင်းနှင်ပုံနည်းလမ်းများ
မောင်းနှင်ရာတွင် သတိပြုရမည့်အချက်များ
ယာဉ်မောင်းလိုင်စင်စနစ်၏ တည်ဆောက်ပုံ
ဘေးကင်းစွာ စတင်ထွက်ခွာခြင်း
မောင်းနှင်ရမည့် လမ်းကြောင်းများ
လမ်းလျှောက်သူများကို အကာအကွယ်ပေးခြင်း
ဘေးကင်းသော အရှိန်နှုန်းနှင့် ရှေ့ယာဉ်နှင့် အကွာအဝေး
လမ်းကြောင်းပြောင်းလဲခြင်း စသည်တို့
ကျော်တက်ခြင်း စသည်တို့
လမ်းဆုံလမ်းခွများအား ဖြတ်သန်းပုံ
အန္တရာယ်ရှိသော နေရာများတွင် မောင်းနှင်ခြင်း
မီးရထားလမ်းကူး၊ ကုန်းတက်ကုန်းဆင်းနှင့် အကွေ့များ
ယာယီလိုင်စင် ရေးဖြေစာမေးပွဲတွင် ဘေးကင်းစွာ မောင်းနှင်နိုင်ရန်အတွက် လိုအပ်သော "အခြေခံဗဟုသုတ" များကို ကျယ်ပြန့်စွာ မေးမြန်းပါသည်။
(ဂ) စာမေးပွဲ အမျိုးအစားနှင့် အခြေခံအချက်အလက်များ
စာမေးပွဲ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ဖြေဆိုပုံစံ: အမှန်/အမှား (◯×) ဖြင့် ဖြေဆိုရပါမည်။
အမှတ်အပြည့်: ၅၀ မှတ်
စာမေးပွဲအချိန်: မိနစ် ၃၀
အောင်နှုန်း: ၄၅ မှတ်နှင့်အထက် (အောင်မှတ် ၉၀% ကျော် ရရှိရန်လိုအပ်သည့်အတွက် အတော်လေး မြင့်တဲ့စံနှုန်းဖြစ်ပါသည်)
ဖြေဆိုနိုင်သည့် ဘာသာစကား: ဘာသာစကား ၂၀ (လိုင်စင်စင်တာတွင် ဖြေဆိုမှသာ သက်ဆိုင်ပါသည်)
အဓိကဖြေဆိုနိုင်သည့် ဘာသာစကားများ:
အင်္ဂလိပ် / တရုတ် / ကိုရီးယား / ဗီယက်နမ် / အင်ဒိုနီးရှား
စပိန် / ပေါ်တူဂီ / ရုရှား / ထိုင်း / တာဂလော့ (ဖိလစ်ပိုင်)
ထို့အပြင် ပါရှန်၊ ခမာ၊ နီပေါ၊ မြန်မာ၊ မွန်ဂိုလီးယား၊ ယူကရိန်း၊ ဆင်ဟာလာ၊ အူရဒူ၊ အာရပ်နှင့် ဟိန္ဒီဘာသာစကားများ။
သတ်မှတ်ထားသော မော်တော်ယာဉ်မောင်းသင်တန်းကျောင်းများတွင် ယာယီလိုင်စင် ရေးဖြေစာမေးပွဲ ဖြေဆိုမည်ဆိုပါက ဖြေဆိုနိုင်သည့် ဘာသာစကားများ ကွဲပြားနိုင်သဖြင့် သတိပြုပါ။ မိမိကျွမ်းကျင်သော ဘာသာစကားဖြင့် ဖြေဆိုခွင့်ရရှိသည့်တိုင်အောင် မေးခွန်းအကြောင်းအရာများသည် လုံးဝမလွယ်ကူပါ။
ထို့ကြောင့် ကြိုတင်လေ့လာပြင်ဆင်မှုသည် အလွန်ပင် အရေးကြီးပါသည်။
၂။ 「နားလည်ခြင်း → မှတ်မိခြင်း → စစ်ဆေးခြင်း」 လေ့လာမှုနည်းလမ်း ၃ ခု
ရေးဖြေစာမေးပွဲသည် အလွတ်ကျက်ရုံသက်သက်ဖြင့် အောင်ဖို့ခက်တဲ့ စာမေးပွဲတစ်ခု ဖြစ်ပါသည်။ အရေးကြီးသည်မှာ အောက်ပါအချက် ၃ ချက် ပြည့်စုံနေရန်ဖြစ်သည် -
「နားလည်သဘောပေါက်ခြင်း」
「မှတ်မိခြင်း」
「လက်တွေ့တွင် ဆုံးဖြတ်နိုင်ခြင်း」
Drivey တွင် ဤအရည်အချင်း ၃ မျိုးကို တိုးတက်လာစေရန် အောက်ပါလေ့လာမှုအဆင့်ဆင့်ကို ပြင်ဆင်ပေးထားပါသည်။
၂-၁။ လေ့လာမှုသင်ခန်းစာများ|ယာယီလိုင်စင် ရေးဖြေစာမေးပွဲအပိုင်း
ဤသင်ခန်းစာများတွင် အမှန်တကယ် ယာယီလိုင်စင်စာမေးပွဲ၌ ပါဝင်မည့် အကြောင်းအရာများကို ကဏ္ဍအလိုက် နားလည်လွယ်အောင် လေ့လာနိုင်ပါသည်။ သင်ခန်းစာတစ်ခုချင်းစီကို အောက်ပါ အဆင့် ၃ ဆင့်ဖြင့် ဖွဲ့စည်းထားပါသည် -
၁။ ဗီဒီယိုဖြင့် 「နားလည်သဘောပေါက်ခြင်း」
ပထမဦးစွာ ဗီဒီယိုကို ကြည့်ရှုပြီး ယာဉ်စည်းကမ်းများ၊ သတိပြုရန်အချက်များနှင့် အရေးကြီးသော အချက်အလက်များကို "ရုပ်ပုံလွှာများနှင့်တကွ" သဘောပေါက်အောင် လုပ်ဆောင်ပါ။ စာသက်သက်ဖြင့် နားလည်ရန် ခက်ခဲသော အကြောင်းအရာများသည် ဗီဒီယိုဖြင့်ဆိုလျှင် ဦးနှောက်ထဲသို့ လွယ်ကူစွာ စိမှတ်မိနိုင်ပါသည်။
၂။ Q&A ပုံစံဖြင့် 「မှတ်သားခြင်း」
ထို့နောက် အမေးအဖြေ (တစ်ခွန်းမေး တစ်ခွန်းဖြေ) ပုံစံ Q&A ဖြင့် ဗီဒီယိုတွင် လေ့လာခဲ့သည်များကို ပြန်လည်စစ်ဆေးပါ။
"မိမိဘာသာ အဖြေကို စဉ်းစားခြင်း"
"မှန်၊ မမှန်ကို ချက်ချင်း အတည်ပြုနိုင်ခြင်း"
စသည့် အလေ့အကျင့်ကို ပြုလုပ်ခြင်းဖြင့် ပိုမှတ်မိစေပါသည်။
၃။ Mini-test ဖြင့် 「အတည်ပြုခြင်း」
နောက်ဆုံးတွင် Mini-test ဖြင့်
အမှန်တကယ် နားလည်ခြင်း ရှိ၊ မရှိကို စစ်ဆေးပါ။
Mini-test တွင် မှားယွင်းသွားသော အချက်များကို ဗီဒီယို သို့မဟုတ် Q&A ဆီသို့ ပြန်သွားပြီး လေ့လာခြင်းဖြင့် မိမိ၏ အားနည်းချက်များကို ပြုပြင်သွားနိုင်ပါသည်။
■ ထိရောက်သော လေ့လာမှုနည်းလမ်း (အကြံပြုလိုသည့် အစီအစဉ်)
ကဏ္ဍတစ်ခုချင်းစီ၏ ဗီဒီယိုကို ကြည့်ပါ။
Q&A တွင် အဖြေကို စဉ်းစားရင်း ရှေ့ဆက်သွားပါ။
Mini-test ဖြင့် နားလည်မှု အခြေအနေကို စစ်ဆေးပါ။
မိမိကိုယ်မိမိ ယုံကြည်မှုမရှိသော အပိုင်းများတွင် -
ဗီဒီယိုကို နောက်တစ်ကြိမ် ပြန်ကြည့်ပါ။
Mini-test ကို ပြန်လည်ဖြေဆိုပါ။
ဤအစီအစဉ်အတိုင်း လုပ်ဆောင်သွားပါက မခက်ခဲဘဲ တိုးတက်လာပါလိမ့်မည်။
■ လေ့လာမှု လမ်းညွှန်
တစ်နေ့လျှင် သင်ခန်းစာ ၄ ခုမှ ၅ ခု ခန့်နှုန်းဖြင့် လေ့လာသွားမည်ဆိုပါက
၄ ပတ် (၁ လ) ခန့်အတွင်း ဘာသာရပ်အားလုံးကို လေ့လာပြီးစီးနိုင်မည်ဖြစ်သည်။
နေ့စဉ် နည်းနည်းချင်းစီ ပုံမှန်လေ့လာသွားခြင်းဖြင့် မပင်မပန်းဘဲ စာမေးပွဲအောင်မြင်နိုင်ပါလိမ့်မည်။
၂-၂။ ဝေါဟာရများ
「ဝေါဟာရများ」တွင် ကဏ္ဍတစ်ခုချင်းစီအလိုက် မကြာခဏပါဝင်လေ့ရှိသော အရေးကြီးစကားလုံးများကို လေ့လာနိုင်ပါသည်။ ယာယီလိုင်စင် ရေးဖြေစာမေးပွဲတွင် "စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်ခြင်း ရှိ၊ မရှိ" သည် အောင်ဖို့အတွက် အလွန်အရေးကြီးပါသည်။
■ သတ်မှတ်ချက်- ၁ ပတ်လျှင် စကားလုံး ၃၀ မှတ်မိရန်
တစ်ပတ်အစတွင် စကားလုံး ၃၀ ကို ကြည့်ပါ။
ထိုရက်သတ္တပတ်အတွင်း ထိုစကားလုံး ၃၀ ကို ထပ်ခါတလဲလဲ လေ့လာပါ။
ပထမတွင် ခက်ခဲသည်ဟု ခံစားရနိုင်သော်လည်း၊ တစ်ပတ်အတွင်း ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းဖြင့် တဖြည်းဖြည်း နားလည်လာပါလိမ့်မည်။
■ အားလပ်ချိန်လေးများတွင် နည်းနည်းချင်းစီ လုပ်ဆောင်ရန် အကြံပြုချက်
အောက်ပါအချိန်များတွင် ၃ မိနစ်မှ ၅ မိနစ်ခန့်မျှသာဖြစ်စေ လေ့လာကြည့်ပါ -
ရထား သို့မဟုတ် ဘတ်စ်ကား စီးနေချိန်
အနားယူချိန်
မအိပ်မီ အချိန်အနည်းငယ်
"ဒီနေ့ ပင်ပန်းနေပေမဲ့ နည်းနည်းလောက်တော့ စာကြည့်ချင်တယ်" ဆိုသည့်အချိန်မျိုး
စာလေ့လာရန် ခက်ခဲနေသည့်နေ့မျိုးတွင်ပင် ဝေါဟာရများကို လေ့လာနိုင်ပါသည်။
■ စကားလုံးများ ပိုမှတ်မိလေလေ ပိုအကျိုးရှိလေလေဖြစ်သည်
ယာဉ်စည်းကမ်းဆိုင်ရာ စကားလုံးများကို များများသိထားလေလေ၊ မေးခွန်းများကို နားလည်ရန် ပိုမိုလွယ်ကူလေလေ ဖြစ်ပါသည်။ စတင်လေ့လာတဲ့အချိန်က စာမေးပွဲဖြေဆိုသည့်နေ့အထိ စကားလုံးများကို နည်းနည်းချင်းစီဖြစ်စေ ဆက်လက်လေ့လာရန် အကြံပြုလိုပါသည်။
■ "သိပ်လွယ်လွန်းတယ်" ဟု ခံစားရပါက
「ဗီဒီယို + Q&A + ဝေါဟာရများ」က လွယ်ကူနေပြီဟု ခံစားရပါက၊ နောက်တစ်ဆင့်အနေဖြင့် နောက်ပိုင်းတွင် မိတ်ဆက်ပေးမည့် စစ်ဆေးမှု (Test) လုပ်ဆောင်ချက်များကို ဖြေဆိုကြည့်ပါ။
၂-၃။ စစ်ဆေးမှု ၄ မျိုးဖြင့် အဆင့်ဆင့်လေ့လာခြင်း
သင်ခန်းစာများတွင် အကြောင်းအရာအားလုံးကို တစ်ကြိမ် လေ့လာပြီးသွားပြီဆိုလျှင်၊
မိမိ၏အရည်အချင်းကို စစ်ဆေးနိုင်ပါမည်။
※ ဝေါဟာရများကို ဆက်လက်လေ့လာပေးပါ။
အသိပညာဗဟုသုတကို အတည်ပြုသည့် စာမေးပွဲတွင် အဖြေမှန် ၉၀% ကျော် မရရှိပါက အောင်မြင်နိုင်မည်မဟုတ်ပါ။ ရွေးချယ်စရာ ၂ ခု (အမှန်/အမှား) သာရှိသည့် မေးခွန်းများဖြစ်သောကြောင့် ခန့်မှန်းဖြေဆိုရုံဖြင့် မအောင်နိုင်သော စာမေးပွဲဖြစ်ပါသည်။
လေ့ကျင့်ခန်းမေးခွန်းများတွင် မှားသွားသည့်အခါ -
ဘယ်နေရာကို အဓိပ္ပာယ်လွဲမှားစွာ ဖတ်မိတာလဲ
ဘယ်အပိုင်းကို နားမလည်ခဲ့တာလဲ
ဆိုသည်ကို သေချာလေ့လာပြီး လိုအပ်ပါက ဗီဒီယို သို့မဟုတ် Q&A ဆီသို့ ပြန်သွား၍ အတည်ပြုပါ။
(က) လမ်းညွှန်အမှတ်အသား မေးခွန်းများ
ယာယီလိုင်စင်စာမေးပွဲတွင် လမ်းညွှန်အမှတ်အသားမေးခွန်းများသည် မဖြစ်မနေ ပါဝင်ပါသည်။
ဂျပန်နိုင်ငံတွင် လမ်းညွှန်အမှတ်အသား အမျိုးပေါင်း ၂၀၀ ကျော် ရှိသည်။
ပုံသဏ္ဌာန်နှင့် အရောင် ဆင်တူသော အမှတ်အသားများစွာ ရှိသည်။
အဓိပ္ပာယ်ချင်း နီးစပ်ပြီး ရောထွေးရလွယ်သော အရာများလည်း ရှိသည်။
ထို့ကြောင့် ပထမဦးဆုံး လေ့လာသူများအတွက် မျက်စိလည်တဲ့ အပိုင်းဖြစ်ပါသည်။
Drivey တွင် အလွတ်ကျက်ရုံသာမက -
"ဒီအမှတ်အသားက ဘာကြောင့်ရှိတာလဲ?"
"ဘယ်လိုအန္တရာယ်တွေကို ကာကွယ်ဖို့အတွက်လဲ?"
စသည့် နောက်ခံအကြောင်းအရင်းများကိုပါ နားလည်စေရန် ပြုလုပ်ပေးထားပါသည်။
ဤကဏ္ဍကို သေချာလေ့လာပြီး မေးခွန်းအားလုံး မှန်ကန်သည်အထိ ကြိုးစားနိုင်ပါက စာမေးပွဲအပေါ် မိမိကိုယ်မိမိ ယုံကြည်မှု တိုးလာပါလိမ့်မည်။ လေ့လာမှု၏ ပထမပိုင်းတွင် ဤကဏ္ဍကို လုပ်ဆောင်ခြင်းဖြင့် "ငါလုပ်နိုင်ပြီ!" ဆိုသည့် ခံစားချက်ကို ရရှိစေနိုင်ပြီး ဆက်လက်လေ့လာလိုစိတ်ကိုလည်း မြင့်တက်စေပါသည်။
(ခ) လေ့ကျင့်ခန်းမေးခွန်းများ
လေ့ကျင့်ခန်းမေးခွန်းများကို ၁ အုပ်စုလျှင် မေးခွန်း၁၀ခု ပါပါသည်။
အလုပ်သွား၊ ကျောင်းသွားသည့် လမ်းခရီးအချိန်
ခေတ္တအနားယူချိန်
စသည့် အားလပ်ချိန်လေးများတွင် အလွယ်တကူ ဖြေဆိုနိုင်သောကြောင့် အလုပ်ရှုပ်နေသူများအတွက်လည်း လေ့လာရန် လွယ်ကူသော အကြောင်းအရာများ ဖြစ်ပါသည်။
မှားခဲ့သော မေးခွန်းများကို နောက်ပိုင်းတွင် ပြန်ကြည့်နိုင်တာကြောင့် -
မိမိ မကြာခဏ မှားယွင်းတတ်သည့် အချက်များကို သိရှိခြင်း
မိမိအားနည်းတဲ့ အပိုင်းများကိုသာ သီးသန့်ရွေးချယ်၍ ပြန်လည်လေ့လာခြင်း
စသည့် "အားနည်းချက်များကို ပြုပြင်ခြင်း" လေ့လာမှုကို ပိုမိုလွယ်ကူစေပါသည်။
"ဘာကြောင့် မှားသွားတာလဲ?"
"ဘယ်အပိုင်းကို နားမလည်သေးတာလဲ?"
ဆိုသည်ကို သတိပြုရင်း ဆက်သွားခြင်းဖြင့် ပိုပြီး တိုးတက်လာပါလိမ့်မည်။
ထပ်ခါတလဲလဲ ဖြေဆိုလေလေ နားလည်မှု ပိုကောင်းလာလေဖြစ်ပြီး မိမိ၏အရည်အချင်းကို တိုးတက်လာစေမည် ဖြစ်သည်။
(ဂ) အရည်အချင်းစစ်ဆေးခြင်း
အရည်အချင်းစစ်ဆေးသည့် Test များတွင် တကယ့်စာမေးပွဲ၏ မေးခွန်းအရေအတွက် တစ်ဝက်ခန့်ဖြင့် ဖွဲ့စည်းထားပါသည်။ ဤအဆင့်တွင် -
ယခုအချိန်ထိ လေ့လာခဲ့တာတွေကို ဘယ်လောက်ထိနားလည်သလဲ
ဘယ်အပိုင်းမှာ အားနည်းသလဲ
ဆိုသည်ကို သေချာ စစ်ဆေးနိုင်မည် ဖြစ်သည်။ မေးခွန်းများသည် တကယ့်စာမေးပွဲအတိုင်း ဖြစ်ပြီး၊ လေ့လာသူများ မှန်းထားရမည့် အဖြေမှန်နှုန်း ၉၀% နှင့်အထက် ရရှိစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
စာမေးပွဲမဖြေဆိုမီ မိမိအရည်အချင်းကို စမ်းသပ်ခြင်း
စာမေးပွဲမတိုင်ခင် ဘာကို အလေးပေးလေ့လာရမည်ကို အတည်ပြုခြင်း
တို့အတွက် အလွန်ပင် အသုံးဝင်သော အဆင့်ဖြစ်ပါသည်။
(ဃ) ပုံစံတူစာမေးပွဲ
ပုံစံတူစာမေးပွဲသည် တကယ့်စာမေးပွဲအတိုင်း မေးခွန်းအရေအတွက်နှင့် အချိန်သတ်မှတ်ချက်များဖြင့် ဖွဲ့စည်းထားသည့် လက်တွေ့လေ့ကျင့်မှုဖြစ်ပါသည်။ ဤပုံစံတူစာမေးပွဲကို ဖြေဆိုခြင်းဖြင့် -
အချိန်ခွဲဝေမှုဆိုင်ရာ အတွေ့အကြုံ
အာရုံစိုက်မှုကို ထိန်းသိမ်းပုံ
စိတ်လှုပ်ရှားနေသည့် အခြေအနေတွင် မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်း
စသည့် တကယ့်စာမေးပွဲတွင် လိုအပ်မည့် "လက်တွေ့အရည်အချင်း" များကို ရရှိစေမည်ဖြစ်သည်။
ထို့အပြင် -
ဖြေရခက်သည့်အခါ ဘယ်လိုဆုံးဖြတ်မလဲ
အလောတကြီးဖြစ်သည့်အခါ စိတ်ကို ဘယ်လိုတည်ငြိမ်အောင်လုပ်မလဲ
မေးခွန်းကို ကျော်မဖတ်မိစေရန် သတိထားခြင်း
စသည့် ဗဟုသုတများအပြင် "စာမေးပွဲကို ဖြေရှင်းနိုင်စွမ်း" ကိုလည်း လေ့ကျင့်န်ုင်ပါသည်။
တကယ့်စာမေးပွဲဟု သဘောထားကာ အာရုံစိုက်ဖြေဆိုခြင်းဖြင့် မိမိ၏အားနည်းချက်များကို ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်သည်။ ပုံစံတူစာမေးပွဲကို အကြိမ်ကြိမ် လေ့ကျင့်ထားပါက စာမေးပွဲဖြေဆိုသည့်နေ့တွင်လည်း အေးအေးဆေးဆေး ဖြေနိုင်ပါလိမ့်မည်။
၃။ တစ်ကြိမ်တည်းဖြင့် အောင်မြင်ရန် သိထားသင့်သည့်အချက်များ
နောက်ဆုံးအနေဖြင့် စာမေးပွဲတွင် တစ်ကြိမ်တည်းဖြင့် အောင်မြင်နိုင်ခြေ ပိုများလာစေမည့် "ပြင်ဆင်မှု " ကို စုစည်းတင်ပြပေးပါမည်။
(၁) စာသားများကို သေချာစွာ ဖတ်ရှုပါ
မေးခွန်းများသည် များသောအားဖြင့် ၁ ကြောင်းမှ ၂ ကြောင်းအထိသာရှိသော ဝါကျတိုလေးများ ဖြစ်ပါသည်။ ထို့ကြောင့် စကားလုံးတစ်လုံးတည်း ကွဲလွဲသွားရုံမျှဖြင့် အဖြေမှန် သို့မဟုတ် အဖြေမှား ဖြစ်သွားနိုင်ပါသည်။ အထူးသဖြင့် အောက်ပါ ဖော်ပြချက်များကို သတိထား၍ ဖတ်ရှုပါ -
မီးပွိုင့်အမျိုးအစားများ: မီးစိမ်း၊ အနီရောင် မီးမှိတ်တုတ်မှိတ်တုတ်၊ အဝါရောင်မြှား စသည်ဖြင့်။
ကိန်းဂဏန်း ကွဲပြားမှုများ: ၃ စက္ကန့်အလို / မီတာ ၃၀ အလို၊ ၃ မီတာအတွင်း / ၅ မီတာအတွင်း။
ဝါကျအဆုံးသတ် ဖော်ပြချက်များ: 「---ဖြစ်သည် / ---မဟုတ်ပါ」「---ပြုလုပ်နိုင်သည် / ---မပြုလုပ်နိုင်ပါ」。
"ဒီလိုပဲ ဖြစ်မယ်ထင်တယ်" ဆိုသည့် ခန့်မှန်းစိတ်ဖြင့် မဖြေဆိုဘဲ၊ ဂဏန်းများနှင့် စကားလုံးများ၏ ကွဲပြားမှုကို သေချာဖတ်ရှုသည့် အလေ့အကျင့်ကို လုပ်သင့်ပါသည်။
(၂) မေးခွန်းကို “ရိုးရိုးရှင်းရှင်း” ပဲ ဆုံးဖြတ်ပါ
မေးခွန်းတွင် ပါဝင်တဲ့ အကြောင်းအရာတွေက “မှန်ကန်သလား” သို့မဟုတ် “မှားယွင်းနေသလား” ဆိုသည်ကို ရိုးရိုးရှင်းရှင်း ဆုံးဖြတ်ရန် အရေးကြီးပါသည်။
မေးခွန်းအများစုမှာ အထွေထွေဗဟုသုတ၊ ပုံမှန်တွေးခေါ်မှုနှင့် နှိုင်းယှဉ်စဉ်းစားလျှင်ပင် သိနိုင်သော မေးခွန်းများ ဖြစ်ပါသည်။
အရမ်း စဉ်းစားပါက ပိုမှားသွားတတ်ပါသည်။
ထို့အပြင် 「必ず (မဖြစ်မနေ)」、「絶対 (လုံးဝ/အပြတ်အသတ်)」、「どんなときでも (ဘယ်လိုအချိန်မျိုးမှာမဆို)」 စသည့် စကားလုံးများ ပါဝင်သော ဝါကျများသည် "ခြွင်းချက်ရှိ၊ မရှိ" ကို မေးမြန်းသော မေးခွန်းများ ဖြစ်နေတတ်သောကြောင့် အထူးဂရုစိုက်ပါ။
(၃) သေချာပေါက် ပြန်စစ်ပါ
မေးခွန်းအားလုံး ဖြေဆိုပြီးသွားပါက ပထမဆုံးမေးခွန်းမှစ၍ သေချာပေါက် ပြန်စစ်ပါ။
အဖြေလွှာတွင် မှားပြီးဖြေထားခြင်း၊စာသားကို အဓိပ္ပာယ်လွဲမှားစွာ ဖတ်မိခြင်း၊ဖြေဆိုရန် ကျန်ရစ်ခြင်း
စသည်တို့ကို အမှန်ပြင်နိုင်မည်ဖြစ်သည်။ မိမိသိပြီးသား မေးခွန်းကို အမှတ်မရလိုက်တာက အရမ်းနှမြောစရာကောင်းပါသည်။ နောက်ဆုံးမိနစ်အနည်းငယ်ကို "ပြန်စစ်တဲ့အချိန်" အဖြစ် အသုံးပြုလျှင် သင်၏ရမှတ်ကို ပိုသေချာနိုင်စေပါသည်။
၄။ နိဂုံး
Drivey ၏ ယာယီလိုင်စင်ရေးဖြေစာမေးပွဲအတွက် သင်တန်းကို -
ဗီဒီယိုများဖြင့် 「နားလည်စေရန်」
Q&A နှင့် ဝေါဟာရများဖြင့် 「မှတ်မိစေရန်」
လေ့ကျင့်ခန်းမေးခွန်း၊ အရည်အချင်းစစ်ဆေးခြင်းနှင့် ပုံစံတူစာမေးပွဲများဖြင့် 「အတည်ပြုစစ်ဆေးရန်」
ဟူသော အစီအစဉ်အတိုင်း အောင်မြင်မှုအတွက် လိုအပ်သည့် အရည်အချင်းများကို တစ်ဆင့်ချင်း လေ့လာနိုင်ပါသည်။
ဒီအချက်အလက်များကို ကိုးကားပြီး ဒီနေ့ကစ၍ နည်းနည်းချင်းစီ စတင်လေ့လာကြည့်ပါ။
အကယ်၍ လေ့လာနေစဉ်အတွင်း လမ်းပျောက်သကဲ့သို့ ခံစားရပါက ဒီစာမျက်နှာကို ပြန်လာပြီး -
"ငါ အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ?"
"နောက်ထပ် ဘယ်သင်ခန်းစာကို ဆက်သွားရမလဲ?"
ဆိုသည်ကို ပြန်စစ်ဆေးရင်း ဆက်လေ့လာကြပါစို့။
သင်ရဲ့ ယာယီလိုင်စင်ရေးဖြေစာမေးပွဲကို တစ်ကြိမ်တည်းဖြင့် အောင်မြင်နိုင်ပါစေကြောင်း Drivey မှ အားပေးကူညီလျက်ရှိပါသည်။