【မော်တော်ဆိုင်ကယ် (၅၀ စီစီ) လိုင်စင် သင်တန်း】ဘယ်လိုလေ့လာရမလဲ?〜 အကြံပြုလိုတဲ့ နည်းလမ်းကို နားလည်လွယ်အောင် ရှင်းပြပေးခြင်း! 〜

【မော်တော်ဆိုင်ကယ် (၅၀ စီစီ) လိုင်စင် သင်တန်း】ဘယ်လိုလေ့လာရမလဲ?〜 အကြံပြုလိုတဲ့ နည်းလမ်းကို နားလည်လွယ်အောင် ရှင်းပြပေးခြင်း! 〜

Driveyရဲ့ မော်တော်ဆိုင်ကယ်အသေး (Gentsuki) ရေးဖြေစာမေးပွဲအတွက် -

ကဏ္ဍအလိုက် သင်ကြားမှုများ (ဗီဒီယို၊ Q&A၊ Mini-test)

စာမေးပွဲပုံစံအတိုင်း မေးခွန်းဟောင်းများ

မကြာခဏပါလေ့ရှိသည့် စကားလုံးများကို စုစည်းထားသည့် ဝေါဟာရများ

စသည်ဖြင့် ဆိုင်ကယ်လိုင်စင် ရေးဖြေစာမေးပွဲအတွက် လိုအပ်တဲ့ အကြောင်းအရာအားလုံးကို တစ်နေရာတည်းမှာ စုံစုံလင်လင် လေ့လာနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။

ဒီဆောင်းပါးမှာတော့ -

"စာစလုပ်ချင်ပေမဲ့ ဘယ်ကနေ စရမလဲ မသိတဲ့သူတွေ" နဲ့

"Drivey မှာ အကောင့်ဖွင့်ပြီးပြီ၊ ဒါပေမဲ့ ဘယ်လိုသုံးရမလဲ မသိတဲ့သူတွေ" အတွက်

အထိရောက်ဆုံး ဖြစ်စေမယ့် လေ့လာမှုအဆင့်ဆင့်ကို အသေးစိတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။


မာတိကာ

၁။ 【နောက်ဆုံးရသတင်း】မော်တော်ဆိုင်ကယ် (Gentsuki) လိုင်စင်စာမေးပွဲ အကျဉ်းချုပ်

၁-(က). မေးခွန်းပုံစံ

၁-(ခ). မေးခွန်းနယ်ပယ်

၁-(ဂ). စာမေးပွဲ၏ အခြေခံအချက်အလက်များ (အမျိုးအစား)

၂။ "နားလည်ခြင်း → မှတ်မိခြင်း → စစ်ဆေးခြင်း" ကို ဖြစ်စေသည့် သင်ယူမှုနည်းလမ်း ၃ မျိုး

၂-၁. လေ့လာရန် အကြောင်းအရာများ/|မော်တော်ဆိုင်ကယ်လိုင်စင် စာမေးပွဲအပိုင်း

၂-၂. ဝေါဟာရများ

၂-၃. စစ်ဆေးမှု ၄ မျိုးဖြင့် အဆင့်ဆင့် လေ့ကျင့်ခြင်း

၃။ တစ်ကြိမ်တည်းဖြင့် အောင်မြင်ရန် သိထားသင့်သည့် အချက်များ

၄။ နိဂုံး


၁။ 【နောက်ဆုံးရ】မော်တော်ဆိုင်ကယ် (Gentsuki) လိုင်စင်စာမေးပွဲ အကျဉ်းချုပ်

(က) မေးခွန်းပုံစံ

မော်တော်ဆိုင်ကယ်လိုင်စင် စာမေးပွဲကို အောက်ပါပုံစံအတိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

  • မေးခွန်းများ-မေးခွန်း ၄၆ ခု

ပေးထားတဲ့ စာကြောင်းက "မှန်သလား (◯)" သို့မဟုတ် "မှားသလား (×)" ဆိုတာကို ဆုံးဖြတ်ရတဲ့ မေးခွန်းပုံစံ ဖြစ်ပါတယ်။

  • ရုပ်ပုံမေးခွန်းများ- မေးခွန်း၂ ခု

လက်တွေ့ မှာ လမ်းပေါ်က အခြေအနေတွေကို သရုပ်ဖော်ထားတဲ့ ရုပ်ပုံတွေကို ကြည့်ပြီး၊ အန္တရာယ်တွေကို ဘယ်လိုနားလည်သလဲနဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို မေးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

မှတ်ချက်: ရုပ်ပုံတစ်ပုံမှာ မေးခွန်းငယ် (၃) ခုစီ ပါဝင်ပါတယ်။ အဆိုပါ မေးခွန်းငယ် (၃) ခုလုံး မှန်ကန်မှသာ ထိုရုပ်ပုံမေးခွန်းအတွက် (၂) မှတ် ရရှိမှာ ဖြစ်ပါတယ်။


(ခ) မေးခွန်းနယ်ပယ်များ

စာမေးပွဲတွင် မေးမြန်းမည့် အကြောင်းအရာများမှာ ဥပမာအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည် -

  • လမ်းသွားလမ်းလာနှင့် ယာဉ်မောင်းသူများ အားလုံးအတွက် အခြေခံ လိုက်နာရန်အချက်များ

  • အထွေထွေ မော်တော်ဆိုင်ကယ်အသေးကို မမောင်းနှင်မီ သိထားရမည့်အချက်များနှင့် မောင်းနှင်ပုံ နည်းလမ်းများ

  • အန္တရာယ်ရှိသော နေရာများတွင် မောင်းနှင်ခြင်း

  • နှစ်ဘီးတပ်ယာဉ်များ (ဆိုင်ကယ်များ) မောင်းနှင်ပုံ နည်းလမ်းများ

  • ယာဉ်မတော်တဆမှု၊ စက်ချို့ယွင်းမှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ လုပ်ဆောင်ချက်များ

  • ယာဉ်ပိုင်ရှင်၊ အသုံးပြုသူ၊ ဘေးကင်းလုံခြုံစွာ မောင်းနှင်မှု ထိန်းသိမ်းရေးမှူးနှင့် ယာဉ်မောင်းအစားထိုး ဝန်ဆောင်မှုပေးသူများ လိုက်နာရန်အချက်များ

  • ရုပ်ပုံမေးခွန်းများတွင်လဲ ဒီအကြောင်းအရာများအပေါ် အခြေခံပြီး အန္တရာယ်ကို ကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ မေးခွန်းများကို ပေါင်းစပ်၍ မေးမြန်းမည် ဖြစ်ပါသည်။

မော်တော်ဆိုင်ကယ် (Gentsuki) လိုင်စင်စာမေးပွဲတွင် ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရန်အတွက် လိုအပ်သော "အခြေခံအချက်အလက်" များကို ကျယ်ကျယ်ပြန့်ပြန့် မေးလေ့ရှိပါသည်။


(ဂ) စာမေးပွဲအမျိုးအစားနှင့် အခြေခံအချက်အလက်များ

စာမေးပွဲ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

  1. ဖြေဆိုပုံပုံစံ: မှန် (◯) / မှား (×) ဖြင့် ဖြေဆိုရမည်။

  2. ရမှတ်အပြည့်: ၅၀ မှတ်

  3. ဖြေဆိုချိန်: မိနစ် ၃၀

  4. အောင်မှတ်စံနှုန်း: ၄၅ မှတ်နှင့်အထက် (သို့မဟုတ်) ရမှတ် ၉၀% နှင့်အထက် (အတော်လေး မြင့်တဲ့ စံနှုန်းပါ။)

  5. ဖြေဆိုနိုင်သော ဘာသာစကားများ

မိမိဖြေဆိုမည့် ခရိုင် (Prefecture) အလိုက် ကွာခြားမှု ရှိနိုင်ပါသည်။

ဥပမာ -

  • တိုကျို (Tokyo): အင်္ဂလိပ်၊ တရုတ်

  • ခါနာဂါဝါ (Kanagawa): အင်္ဂလိပ်

  • ဆိုင်းတားမား (Saitama): အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်၊ ပေါ်တူဂီ

  • ချီဘ(Chiba): အင်္ဂလိပ်

အခြား ရေးဖြေစာမေးပွဲနှင့် နှိုင်းယှဉ်လျှင် ခရိုင်အလိုက် ဖြေဆိုနိုင်သော ဘာသာစကားများ ကွဲပြားတတ်သဖြင့် အထူးသတိပြုပါ။ မိမိကျွမ်းကျင်သော ဘာသာစကားဖြင့် ဖြေဆိုနိုင်သည့်တိုင်အောင် မေးခွန်းများ၏ အကြောင်းအရာမှာ လုံးဝမလွယ်ကူပါ။ ထို့ကြောင့် ကြိုတင်လေ့လာပြင်ဆင်မှုသည် အလွန်ပင် အရေးကြီးပါသည်။


၂။ "နားလည်ခြင်း → မှတ်မိခြင်း → စစ်ဆေးခြင်း" သင်ယူမှုနည်းလမ်း ၃ မျိုး

‌ရေးဖြေစာမေးပွဲဆိုသည်မှာ အချက်အလက်များကို အလွတ်ကျက်ရုံမျှဖြင့် အောင်မြင်ရန် ခက်ခဲသော စာမေးပွဲတစ်ခု ဖြစ်ပါသည်။

အရေးကြီးဆုံးက အောက်ပါ အချက် ၃ ချက်နဲ့ ပြည့်စုံနေဖို့ လိုပါသည် -

  • 「နားလည်သဘောပေါက်ခြင်း」

  • 「မှတ်သားခြင်း」

  • 「လက်တွေ့တွင် မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်း」

Drivey တွင် ဤအရည်အချင်း ၃မျိုးကို တိုးတက်လာစေရန်အတွက် အောက်ပါ လေ့လာမှုအဆင့်ဆင့်ကို ပြင်ဆင်ပေးထားပါသည်။


၂-၁. လေ့လာရန် အကြောင်းအရာများ/|မော်တော်ဆိုင်ကယ်လိုင်စင် စာမေးပွဲအပိုင်း

ဤကဏ္ဍတွင် မော်တော်ဆိုင်ကယ် (Gentsuki) လိုင်စင်စာမေးပွဲ၌ အမှန်တကယ် ပါဝင်မည့် အကြောင်းအရာများကို ကဏ္ဍအလိုက် နားလည်လွယ်အောင် လေ့လာနိုင်ပါသည်။ သင်ခန်းစာတစ်ခုချင်းစီကို အောက်ပါ အဆင့် ၃ ဆင့်ဖြင့် ဖွဲ့စည်းထားပါသည် -

၁။ ဗီဒီယိုဖြင့် 「နားလည်သဘောပေါက်ခြင်း」

ပထမဦးစွာ ဗီဒီယိုကို ကြည့်ရှုပြီး ယာဉ်စည်းကမ်းများ၊ သတိပြုရန်အချက်များနှင့် အရေးကြီးသော အချက်အလက်များကို "ရုပ်ပုံများနှင့်အတူ" နားလည်အောင် လုပ်ဆောင်ပါ။ စာသားသက်သက်ဖြင့် နားလည်ရန် ခက်ခဲသော အကြောင်းအရာများကို ဗီဒီယိုဖြင့် ကြည့်ခြင်းက ပိုလွယ်ကူစေပါသည်။

၂။ Q&A ပုံစံဖြင့် 「မှတ်သားခြင်း」

ထို့နောက် အမေးအဖြေ (Q&A) ပုံစံဖြင့် ဗီဒီယိုတွင် လေ့လာခဲ့သည့် အကြောင်းအရာများကို ပြန်လည်စစ်ဆေးပါ။

  • "အဖြေကို ကိုယ်တိုင် ပြန်စဉ်းစားခြင်း"

  • "မိမိအဖြေ မှန်၊ မမှန် ချက်ချင်း စစ်ဆေးနိုင်ခြင်း"

ဤအလေ့အကျင့်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းဖြင့် ပိုမှတ်မိစေပါသည်။

၃။ Mini-test ဖြင့် 「စစ်ဆေးခြင်း」

နောက်ဆုံးတွင် မေးခွန်းတိုလေးများ (Mini-test) ဖြင့် မိမိတကယ် နားလည်ပြီလားဆိုသည်ကို အတည်ပြုပါ။

Mini-test တွင် မှားယွင်းသွားသော အချက်များကို ဗီဒီယို သို့မဟုတ် Q&A ဆီသို့ ပြန်သွားပြီး ပြန်လေ့လာခြင်းဖြင့် မိမိ၏ အားနည်းချက်များကို လေ့လာနိုင်ပါသည်။


■ ထိရောက်သော လေ့လာမှုနည်းလမ်း (အကြံပြုလိုသည့် အစီအစဉ်)

၁။ ကဏ္ဍတစ်ခုချင်းစီ၏ ဗီဒီယိုများကို ကြည့်ရှုပါ။

၂။ Q&A အပိုင်းတွင် အဖြေကို ခေါင်းထဲ၌ ကြိုတင်စဉ်းစားရင်း တစ်ခုချင်းစီ ဖြေဆိုသွားပါ။

၃။ Mini-test ဖြင့် မိမိ မည်မျှအထိ နားလည်သွားပြီလဲဆိုသည်ကို စစ်ဆေးပါ။

၄။အကယ်၍ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိသည့် အပိုင်းများရှိပါက -

  • ဗီဒီယိုကို နောက်တစ်ကြိမ် ပြန်ကြည့်ပါ။

  • Mini-test ကို ပြန်လည်ဖြေဆိုပါ။

ဤအစီအစဉ်အတိုင်း လုပ်သွားမည်ဆိုပါက အခက်အခဲမရှိဘဲ တိုးတက်လာမည် ဖြစ်ပါသည်။


လေ့လာမှု လမ်းညွှန်

  • တစ်နေ့လျှင် သင်ခန်းစာ ၄ ခုမှ ၅ ခု ခန့်ကို လေ့လာသွားမည်ဆိုပါက

  • ၄ ပတ် (၁ လ) ခန့်အတွင်း သင်ခန်းစာအားလုံးကို လေ့လာပြီးစီးနိုင်မည် ဖြစ်သည်။

နေ့စဉ် နည်းနည်းချင်းစီ ပုံမှန်လေ့လာသွားခြင်းဖြင့် အခက်အခဲမရှိဘဲ စာမေးပွဲအောင်မြင်နိုင်သည့် ဗဟုသုတများကို ရရှိလာမည် ဖြစ်ပါသည်။


၂-၂. ဝေါဟာရများ

「ဝေါဟာရများ」တွင် သင်ခန်းစာအလိုက် မကြာခဏပါဝင်လေ့ရှိသည့် အရေးကြီးစကားလုံးများကို လေ့လာနိုင်ပါသည်။ မော်တော်ဆိုင်ကယ် (Gentsuki) စာမေးပွဲတွင် "စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်ခြင်း ရှိ၊ မရှိ" သည် အောင်မြင်မှုအတွက် အဓိကကျသော အချက်ဖြစ်ပါသည်။

■ သတ်မှတ်ချက်- ၁ ပတ်လျှင် စကားလုံး ၃၀ မှတ်မိရန်

  • တစ်ပတ်အစတွင် စကားလုံး ၃၀ ကို စုပေါင်း၍ စစ်ဆေးကြည့်ပါ။

  • ထိုတစ်ပတ်လုံးတွင် အဆိုပါ စကားလုံး ၃၀ ကိုပင် အကြိမ်ကြိမ် ထပ်ခါတလဲလဲ လေ့လာပါ။

အစပိုင်းတွင် ခက်ခဲသည်ဟု ထင်ရသော်လည်း တစ်ပတ်အတွင်း ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းဖြင့် တဖြည်းဖြည်း မှတ်မိလာပါလိမ့်မည်။

■ အားလပ်ချိန်များတွင် နည်းနည်းချင်းစီ လုပ်ဆောင်ရန် အကြံပြုချက်

အောက်ပါအချိန်မျိုးတွင် ၃ မိနစ်မှ ၅ မိနစ်ခန့်မျှသာ အချိန်ပေး၍ လေ့လာကြည့်ပါ -

  • ရထား သို့မဟုတ် ဘတ်စ်ကား စီးနေချိန်

  • နားချိန်များ

  • မအိပ်မီ အချိန်အနည်းငယ်

  • "ဒီနေ့တော့ ပင်ပန်းနေလို့ စာသိပ်မလုပ်ချင်ဘူး၊ ဒါပေမဲ့ နည်းနည်းတော့ ကြည့်ချင်တယ်" ဆိုသည့် အချိန်မျိုး

စာကျက်ရမှာ ပင်ပန်းနေသည့်နေ့များတွင်ပင် ဝေါဟာရများကို ပေါ့ပေါ့ပါးပါး ဆက်လက်လေ့လာနိုင်ပါသည်။

■ စကားလုံးများများ မှတ်မိလေ၊ အကျိုးရှိလေဖြစ်သည်

ယာဉ်စည်းကမ်းဆိုင်ရာ စကားလုံးများကို များများသိထားလေလေ၊ မေးခွန်းများကို နားလည်ရန် ပိုမိုလွယ်ကူလေလေ ဖြစ်ပါသည်။

လေ့လာချိန်မှ စာမေးပွဲဖြေဆိုသည့်နေ့အထိ စကားလုံးများကို နည်းနည်းချင်းစီ ဆက်လက်လေ့လာသွားရန် အကြံပြုလိုပါသည်။

■ "အရမ်းလွယ်နေတယ်" လို့ ခံစားရရင်

「ဗီဒီယို + Q&A + ဝေါဟာရများ」သည် သင့်အတွက် လွယ်ကူနေပြီဟု ခံစားရပါက နောက်တစ်ဆင့်ဖြစ်သည့် "စစ်ဆေးမှု (Test) အပိုင်း" ကို ကြိုဖြေကြည့်ပါ။


၂-၃. စစ်ဆေးမှု ၄ မျိုးဖြင့် အဆင့်ဆင့် လေ့လာခြင်း

သင်ခန်းစာများကို တစ်ခေါက် လေ့လာပြီးသွားပြီဆိုလျှင်၊ မိမိ၏အရည်အချင်းကို စမ်းသပ်ရန် စစ်ဆေးမှု (Test) အဆင့်ကို စတင်လေ့လာနိုင်ပါပြီ။

※ ဒါပေမဲ့လဲ ဝေါဟာရများကို ဆက်လေ့လာသွားပါ။

ရေးဖြေစာမေးပွဲတွင် ရမှတ် ၉၀% နှင့်အထက် မရရှိပါက အောင်မည်မဟုတ်ပါ။

မှား/မှန် (၂) မျိုးထဲမှ ရွေးချယ်ရသည့် မေးခွန်းများဖြစ်သည့်အတွက် ခန့်မှန်းဖြေဆိုရုံဖြင့် မအောင်နိုင်တဲ့ စာမေးပွဲမျိုး ဖြစ်ပါသည်။

လေ့ကျင့်ခန်းမေးခွန်းများတွင် မှားယွင်းသွားသည့်အခါတိုင်း -

  • ဘယ်နေရာကို အဓိပ္ပာယ်မှားဖတ်မိသလဲ

  • ဘယ်အပိုင်းကို နားမလည်သေးတာလဲ

  • ဆိုသည်ကို သေချာပေါက် ပြန်လည်သုံးသပ်ပြီး၊ လိုအပ်ပါက ဗီဒီယို သို့မဟုတ် Q&A ကိုပြန်သွား၍ အတည်ပြုပါ။


(က) လမ်းညွှန်အမှတ်အသား မေးခွန်းများ (Sign Questions)

မော်တော်ဆိုင်ကယ် (Gentsuki) လိုင်စင်စာမေးပွဲမှာ မပါမဖြစ် မေးလေ့ရှိတာကတော့ လမ်းညွှန်အမှတ်အသား (標識 - Hyoshiki) မေးခွန်းတွေပဲ ဖြစ်ပါတယ်။

  • ဂျပန်နိုင်ငံမှာ လမ်းညွှန်အမှတ်အသား အမျိုးပေါင်း ၂၀၀ ကျော် ရှိပါတယ်။

  • ပုံသဏ္ဌာန်နဲ့ အရောင် ဆင်တူတဲ့ အမှတ်အသားတွေ အများကြီး ရှိပါတယ်။

  • အဓိပ္ပာယ် နီးစပ်လွန်းလို့ ရောထွေးသွားစေနိုင်တဲ့ အရာတွေလည်း ရှိပါတယ်။

ဒါကြောင့်မို့လို့ အခုမှ စတင်လေ့လာသူတွေအတွက်တော့ အတော်လေးကို မျက်စိလည်စရာကောင်းပါတယ်။ Drivey မှာတော့ အလွတ်ကျက်ခိုင်းရုံတင် မဟုတ်ဘဲ -

"ဘာကြောင့် ဒီအမှတ်အသား ရှိနေတာလဲ"

"ဘယ်လိုအန္တရာယ်မျိုးကို တားဆီးဖို့အတွက်လဲ"

ဆိုတဲ့ အကြောင်းတွေကိုပါ နားလည်အောင် သင်ကြားပေးပါတယ်။ ဤအပိုင်းကို သေချာလေ့လာပြီး မေးခွန်းအားလုံး မှန်ကန်အောင် ဖြေနိုင်မယ်ဆိုရင် စာမေးပွဲအတွက် ယုံကြည်မှုရှိစေပါလိမ့်မယ်။ အစကတည်းက ဒီအပိုင်းကို သေချာလုပ်ထားရင် "ငါ လုပ်နိုင်ပြီ!" ဆိုတဲ့ ကျေနပ်မှုကို ရရှိစေပြီး စာဆက်လုပ်ဖို့ အားဖြစ်စေပါတယ်။


(ခ) လေ့ကျင့်ခန်းမေးခွန်းများ (Exercise Questions)

လေ့ကျင့်ခန်းမေးခွန်းများကို မေးခွန်း ၁၀ ခုစီပါဝင်သော ပုံစံဖြင့် ဖွဲ့စည်းထားပါသည်။

  • အလုပ်သွား၊ ကျောင်းသွားသည့် လမ်းခရီးအချိန်

  • ခဏတာ နားနေချိန်

အစရှိသည့် အားလပ်ချိန်လေးများတွင် အလွယ်တကူ ဖြေဆိုနိုင်သောကြောင့် အလုပ်ရှုပ်နေသူများအတွက်ပင် ရေရှည်လေ့လာနိုင်သော အကြောင်းအရာများ ဖြစ်ပါသည်။ မိမိမှားယွင်းသွားသော မေးခွန်းများကို နောက်ပိုင်းတွင် အပိုင်းလိုက် ပြန်ကြည့်ရှုနိုင်သောကြောင့် -

  • မိမိ မကြာခဏ မှားတတ်သည့် အချက်များကို သိရှိခြင်း

  • မိမိ မကျွမ်းကျင်သော ကဏ္ဍများကိုသာ သီးသန့် ပြန်လည်လေ့လာခြင်း

စသည့် "အားနည်းချက်များကို ပြုပြင်ခြင်း" ကို ပိုမိုလွယ်ကူစေပါသည်။

"ဘာကြောင့် မှားသွားတာလဲ"

"ဘယ်အပိုင်းကို နားမလည်သေးတာလဲ"

ဆိုသည်ကို အမြဲသတိပြုရင်း လေ့ကျင့်သွားခြင်းဖြင့် ဗဟုသုတများပိုတိုးလာပါလိမ့်မည်။ ထပ်ခါတလဲလဲ ဖြေလေလေ ပိုနားလည်လာမှာဖြစ်ပြီး မိမိ၏ အရည်အချင်းကိုလဲ တဖြည်းဖြည်း မြင့်တက်လာမည် ဖြစ်ပါသည်။


(ဂ) အရည်အချင်းစစ်ဆေးခြင်း (Practice Test)

အရည်အချင်းစစ်ဆေးခြင်း (Practice Test) ကို စာမေးပွဲအတိုင်း မေးခွန်းအရေအတွက်ကို ခန့်မှန်းခြေ တစ်ဝက်ခန့်ဖြင့် ဖွဲ့စည်းထားပါသည်။ ဤအဆင့်တွင် -

  • ယခုအထိ လေ့လာခဲ့သော ဗဟုသုတများကို ဘယ်လောက်အထိ နားလည်သဘောပေါက်ပြီးပြီလဲ

  • ဘယ်အပိုင်းမှာ အားနည်းချက် ရှိနေသေးသလဲ

ဆိုသည်ကို မိမိဘာသာ စစ်ဆေးနိုင်မည် ဖြစ်ပါသည်။ မေးခွန်းများက စာမေးပွဲအစစ်အတိုင်း နီးစပ်ပြီး ၊ လေ့လာသူများကို အောင်မှတ် ၉၀% ကျော် ရရှိရန် ဦးတည်၍ ပြင်ဆင်ထားပါသည်။

  • စာမေးပွဲမဖြေမီ မိမိ၏ အရည်အချင်းကို စမ်းသပ်ခြင်း

  • စာမေးပွဲမတိုင်ခင် ဘယ်အပိုင်းကို အလေးပေး လေ့လာသင့်သလဲ ဆိုသည်ကို အတည်ပြုခြင်း

တို့အတွက် အလွန်ပင် အထောက်အကူပြုသော အဆင့်ဖြစ်ပါသည်။


(ဃ) ပုံစံတူစာမေးပွဲ (Mock Test)

ပုံစံတူစာမေးပွဲသည် တကယ့်စာမေးပွဲအတိုင်း မေးခွန်းအရေအတွက်တူညီပြီး အချိန်သတ်မှတ်ချက်ပါဝင်သော လက်တွေ့ကျသည့် စစ်ဆေးမှုဖြစ်သည်။ ပုံစံတူစာမေးပွဲကို ဖြေဆိုခြင်းဖြင့် အောက်ပါအချက်များကို ရရှိစေမည်ဖြစ်သည် -

  • အချိန်သတ်မှတ်ချက်ဆိုင်ရာ အတွေ့အကြုံ

  • အာရုံစူးစိုက်မှုကို ဘယ်လိုထိန်းချုပ်မလဲ

  • စိတ်လှုပ်ရှားနေသည့် အခြေအနေမျိုးတွင် မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်း

စသည့် တကယ့်စာမေးပွဲတွင် လိုအပ်သော "လက်တွေ့စွမ်းရည်" များ တိုးတက်လာမည်ဖြစ်သည်။

ထို့ပြင် -

  • မဝေခွဲနိုင်သည့်အခါ ဘယ်လိုဆုံးဖြတ်မလဲ

  • အလောတကြီးဖြစ်လာလျှင် စိတ်ကို ဘယ်လိုပြန်လည်တည်ငြိမ်အောင်လုပ်မလဲ

  • မေးခွန်းကို ကျော်ဖတ်မိခြင်းမှ ရှောင်ရှားနိုင်ရန်

စသည့် ဗဟုသုတအပြင် "စာမေးပွဲ ဖြေဆိုနည်း" ကိုလည်း လေ့ကျင့်ပေးပါသည်။ တကယ့်စာမေးပွဲဟု သဘောထားကာ အာရုံစိုက်ဖြေဆိုခြင်းဖြင့် မိမိ၏ အားနည်းချက်များကို ပိုမိုရှင်းလင်းစွာ မြင်တွေ့ရမည်ဖြစ်သည်။ ပုံစံတူစာမေးပွဲကို အကြိမ်ကြိမ် လေ့ကျင့်ထားမည်ဆိုပါက စာမေးပွဲဖြေဆိုသည့်နေ့တွင်လည်း စိတ်အေးလက်အေးဖြင့် မေးခွန်းများကို ဖြေဆိုနိုင်မည် ဖြစ်ပါသည်။


၃။ တစ်ကြိမ်တည်းဖြင့် အောင်မြင်ရန် သိထားသင့်သည့် အချက်များ (Tips)

နောက်ဆုံးအနေနဲ့ စာမေးပွဲမှာ တစ်ကြိမ်တည်းနဲ့ အောင်မှတ်ရရှိဖို့အတွက် လိုအပ်တဲ့ "ပြင်ဆင်မှုများ" ကို စုစည်းတင်ပြပေးလိုက်ပါတယ်။

(၁) စာသားကို သေချာစွာ ဖတ်ရှုပါ

မေးခွန်းအများစုက ၁ ကြောင်းကနေ ၂ ကြောင်းအထိ တိုတောင်းပါတယ်။ ဒါကြောင့်မို့လို့ စကားလုံးတစ်လုံးရဲ့ ကွာခြားချက်ဟာ အဖြေမှန်ခြင်းနဲ့ မှားခြင်းကို တိုက်ရိုက်ဆုံးဖြတ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အောက်ပါ အသုံးအနှုန်းတွေကို သတိထားပြီး ဖတ်ပါ။

  • မီးပွိုင့်အမျိုးအစား: မီးစိမ်း၊ မီးနီမှိတ်တုတ်မှိတ်တုတ်၊ အဝါရောင်မြားအချက်ပြ စသည်

  • ကိန်းဂဏန်း ကွာခြားချက်များ: ၃ စက္ကန့်အလို / မီတာ ၃၀ အလို၊ ၃ မီတာအတွင်း / ၅ မီတာအတွင်း

  • ဝါကျအဆုံးသတ် အသုံးအနှုန်းများ: "--- ဖြစ်သည် / --- မဟုတ်ပါ"၊ "--- ပြုလုပ်နိုင်သည် / --- မပြုလုပ်နိုင်ပါ"

"ဒီလိုပဲ ဖြစ်မယ်ထင်တယ်" ဆိုတဲ့ ခန့်မှန်းချက်နဲ့ မဖြေပါနဲ့။ ကိန်းဂဏန်းတွေနဲ့ စကားလုံး အသုံးအနှုန်း ကွာခြားချက်တွေကို တိတိကျကျ ဖတ်ရှုတဲ့ အလေ့အကျင့်ကို လုပ်ထားပါ။


(၂) မေးခွန်းကို "ရိုးရိုးရှင်းရှင်း" ပဲ စဉ်းစားပါ

မေးခွန်းမှာပါတဲ့ အကြောင်းအရာဟာ "မှန်သလား"၊ "မှားသလား" ဆိုတာကို ရိုးရိုးရှင်းရှင်းပဲ ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။

  • အထွေထွေဗဟုသုတ နဲ့ စဉ်းစားရင် သိနိုင်တဲ့ မေးခွန်းတွေ အများကြီး ရှိပါတယ်။

  • မေးခွန်းကို အကျယ်ချဲ့ပြီး အလွန်အမင်း လှည့်ပတ်စဉ်းစားမိရင် ပိုပြီး မှားယွင်းသွားတတ်ပါတယ်။

ဒါ့အပြင် "သေချာပေါက်"၊ "လုံးဝ" ၊ "ဘယ်လိုအချိန်မျိုးမှာမဆို" စတဲ့ စကားလုံးတွေ ပါဝင်တဲ့ စာကြောင်းတွေဟာ "ခြွင်းချက် " ရှိ၊ မရှိကို မေးချင်တာ ဖြစ်နိုင်တာကြောင့် အထူးသတိထားပြီး ဖတ်ရှုပါ။


(၃) အဖြေကို သေချာပေါက် ပြန်စစ်ပါ

  • မေးခွန်းအားလုံး ဖြေဆိုပြီးသွားပါက ပထမဆုံးမေးခွန်းမှစ၍ သေချာပေါက် ပြန်စစ်ပါ။

  • အဖြေလွှာတွင် မှားဖြည့်ထားတာကို အမှန်ပြန်ပြင်နိုင်ခြင်း၊မေးခွန်းကို အဓိပ္ပာယ်လွဲမှားစွာ ဖတ်မိခြင်း၊အဖြေဖြေဖို့ ကျန်ခဲ့ခြင်း

မိမိသိပြီးသား မေးခွန်းမျိုးကို အမှတ်မရလိုက်တာက အလွန်ပင် နှမြောစရာကောင်းပါသည်။ နောက်ဆုံးကျန်ရှိသည့် မိနစ်အနည်းငယ်ကို "ပြန်လည်စစ်ဆေးသည့်အချိန်" အဖြစ် အသုံးပြုရုံဖြင့် ရမှတ်ကို ပိုသေချာစေပါမယ်။


၄။ နိဂုံး

Drivey ၏ မော်တော်ဆိုင်ကယ် (Gentsuki) လိုင်စင်စာမေးပွဲအတွက် သင်တန်းကို -

  • ဗီဒီယိုများဖြင့် 「နားလည်သဘောပေါက်ခြင်း」

  • Q&A နှင့် ဝေါဟာရများဖြင့် 「မှတ်သားခြင်း」

  • လေ့ကျင့်ခန်းမေးခွန်းများ၊ အရည်အချင်းစစ်ဆေးခြင်းနှင့် ပုံစံတူစာမေးပွဲများဖြင့် 「စစ်ဆေးအတည်ပြုခြင်း」

ဆိုသည့် အစီအစဉ်အတိုင်း အရည်အချင်းများကို တစ်ဆင့်ချင်းစီ လေ့လာနိုင်ပါသည်

ဤအချက်အလက်များကို အခြေခံ၍ ဒီနေ့ကစပြီး နည်းနည်းချင်းစီ လေ့လာကြည့်ပါ။

တကယ်လို့ လေ့လာနေတုန်း ဝေခွဲမရဖြစ်လာပါက ဤဆောင်းပါးသို့ ပြန်လာပြီး -

"ငါ အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ?"

"နောက်ထပ် ဘယ်သင်ခန်းစာကို ဆက်လုပ်ရမလဲ?"

ဆိုသည်ကို ပြန်လည်စစ်ဆေးပြီး ဆက်လေ့လာကြပါစို့။

Drivey မှ သင်၏ မော်တော်ဆိုင်ကယ်လိုင်စင်စာမေးပွဲကို တစ်ကြိမ်တည်းဖြင့် အောင်မြင်ရန် အားပေးကူညီနေပါသည်။