
Drivey ရဲ့ ကားလိုင်စင်ရေးဖြေစာမေးပွဲ လေ့လာမှုသင်တန်းတွင် -
ကဏ္ဍအလိုက် သင်ခန်းစာများ (ဗီဒီယို၊ Q&A၊ Mini-test)
စာမေးပွဲပုံစံအတိုင်း မေးခွန်းဟောင်းများ
မကြာခဏပါဝင်လေ့ရှိသော စကားလုံးများကို စုစည်းထားသည့် ဝေါဟာရများ
စသည်ဖြင့် ကားလိုင်စင်ရေးဖြေစာမေးပွဲအတွက် လိုအပ်သည့် အကြောင်းအရာအားလုံးကို လေ့လာနိုင်ရန် စီစဉ်ပေးထားပါသည်။
ဤဆောင်းပါးတွင် -
"စာစပြီး လေ့လာချင်ပေမဲ့ ဘယ်ကနေ စရမှန်းမသိသူများ"
"အကောင့်ဖွင့်ပြီးပြီဖြစ်သော်လည်း ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိသေးသူများ"
အတွက် အကြံပြုလိုသည့် လေ့လာမှုအဆင့်ဆင့်ကို အသေးစိတ် မိတ်ဆက်ပေးသွားပါမည်။
မာတိကာ
၁။【နောက်ဆုံးရ】 ကားလိုင်စင်စာမေးပွဲ အနှစ်ချုပ်
၁-(က). မေးခွန်းပုံစံ
၁-(ခ). စာမေးပွဲနယ်ပယ်
၁-(ဂ). စာမေးပွဲဆိုင်ရာ အခြေခံအချက်အလက်များ (အမျိုးအစား)
၂။「နားလည် → မှတ်မိ → စစ်ဆေး」 ဆိုသည့် လေ့လာမှုနည်းလမ်း ၃ မျိုး
၂-၁. သင်ခန်းစာများ|ကားလိုင်စင်စာမေးပွဲအပိုင်း
၂-၂. ဝေါဟာရများ
၂-၃. စစ်ဆေးမှု ၄ မျိုးဖြင့် အဆင့်ဆင့်လေ့လာခြင်း
၃။တစ်ကြိမ်တည်းဖြင့် အောင်မြင်ရန် သိထားသင့်သည့်အချက်များ
၄။နိဂုံး
၁။ 【နောက်ဆုံးရ】 ကားလိုင်စင်စာမေးပွဲ အနှစ်ချုပ်
(က) မေးခွန်းပုံစံ
ကားလိုင်စင်စာမေးပွဲကို အောက်ပါပုံစံအတိုင်း စစ်ဆေးသွားမည် ဖြစ်ပါသည် -
မေးခွန်းများ- မေးခွန်း ၉၀
အကြောင်းအရာတစ်ခုသည် "မှန်ကန်သလား" သို့မဟုတ် "မှားယွင်းနေသလား" ကို ဆုံးဖြတ်ရသည့် "အမှန်/အမှား (◯×)" မေးခွန်းများ ဖြစ်သည်။
ရုပ်ပုံမေးခွန်းများ- မေးခွန်း ၅
လက်တွေ့ လမ်းကြောင်းအခြေအနေ ရုပ်ပုံများကို ကြည့်ရှုပြီး အန္တရာယ်ရှိမှုကို နားလည်နိုင်စွမ်းနှင့် ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို မေးမြန်းသည့် မေးခွန်းများ ဖြစ်ပါသည်။ မေးခွန်းတစ် ခုတွင် အဖြေ ၃ ခု ပါဝင်ပြီး၊ ၎င်းအဖြေ ၃ ခုလုံး မှန်ကန်မှသာ ၂ မှတ် ရရှိမည် ဖြစ်သည်။
(ခ) စာမေးပွဲနယ်ပယ်
မေးခွန်းများတွင် ပါဝင်မည့် အကြောင်းအရာများမှာ ဥပမာအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည် -
လမ်းသွားလမ်းလာနှင့် ယာဉ်မောင်းသူများ နှစ်ဦးလုံး လိုက်နာရမည့် စည်းကမ်းချက်များ
မော်တော်ကား သို့မဟုတ် အင်ဂျင်တပ်ဘိုင်စကယ် (Moped) များ မမောင်းနှင်မီ သိထားရမည့်အချက်များနှင့် မောင်းနှင်ပုံနည်းလမ်းများ
အန္တရာယ်ရှိသော နေရာများတွင် မောင်းနှင်ခြင်း
အမြန်လမ်းမကြီးများပေါ်တွင် မောင်းနှင်ခြင်း
မော်တော်ဆိုင်ကယ် မောင်းနှင်ပုံနည်းလမ်းများ
ယာဉ်တိုက်မှု၊ စက်ချို့ယွင်းမှုနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာချိန်တွင် ပြုလုပ်ရမည့်အချက်များ
ယာဉ်ပိုင်ရှင်၊ အသုံးပြုသူ၊ ဘေးကင်းလုံခြုံစွာ မောင်းနှင်မှု ထိန်းသိမ်းရေးမှူးနှင့် ယာဉ်မောင်းအစားထိုး ဝန်ဆောင်မှုပေးသူများ လိုက်နာရမည့် စည်းကမ်းချက်များ
ရုပ်ပုံမေးခွန်းများတွင် အထက်ပါအကြောင်းအရာများအပေါ် အခြေခံ၍ အန္တရာယ်ကြိုတင်ခန့်မှန်းမှုနှင့် ပတ်သက်သည့် မေးခွန်းများကို ကဏ္ဍစုံမှ ထုတ်နှုတ်မေးမြန်းသွားမည် ဖြစ်သည်။
ကားလိုင်စင်စာမေးပွဲတွင် ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရန်အတွက် လိုအပ်သော "အခြေခံဗဟုသုတ" များကို ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းသွားမည် ဖြစ်ပါသည်။
(ဂ) စာမေးပွဲအမျိုးအစားနှင့် အခြေခံအချက်အလက်များ
စာမေးပွဲ၏ ထူးခြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
ဖြေဆိုပုံစံ: ◯× (အမှန်/အမှား) ဖြင့် ဖြေဆိုရမည်။
ရမှတ်အပြည့်: ၁၀၀ မှတ်
စာမေးပွဲအချိန်: ၅၀ မိနစ်
အောင်မှတ်: ၉၀ မှတ်နှင့်အထက် (အဖြေမှန်နှုန်း ၉၀% နှင့်အထက် ရှိရမည်ဖြစ်ပြီး အတော်လေးမြင့်တဲ့ စံနှုန်းဖြစ်ပါသည်)
ဖြေဆိုနိုင်သော ဘာသာစကား: ဘာသာစကား ၂၀ မျိုး
မိမိကျွမ်းကျင်သော ဘာသာစကားဖြင့် ဖြေဆိုနိုင်သော်လည်း မေးခွန်းများသည် လွယ်ကူနေမှာတော့မဟုတ်ပါဘူး။
ထို့ကြောင့် စာမေးပွဲမဖြေဆိုမီ ကြိုတင်လေ့လာပြင်ဆင်ထားဖို့ အရေးကြီးပါသည်။
၂။ 「နားလည် → မှတ်မိ → စစ်ဆေး」 ဆိုသည့် လေ့လာမှုနည်းလမ်း ၃ မျိုး
ရေးဖြေစာမေးပွဲ (Gakka Shiken) ဆိုသည်မှာ အလွတ်ကျက်ရုံသက်သက်ဖြင့် အောင်မြင်ရန် ခက်ခဲသော စာမေးပွဲဖြစ်ပါသည်။
အရေးကြီးသည်မှာ အောက်ပါအချက် ၃ ချက် ပြည့်စုံနေဖို့ဖြစ်သည် -
「နားလည်သဘောပေါက်ခြင်း」
「မှတ်မိစေခြင်း」
「လက်တွေ့တွင် ဆုံးဖြတ်နိုင်ခြင်း」
Drivey တွင် ဒီလေ့လာမှု ၃ မျိုးကို သဘာဝကျကျ တိုးတက်လာစေရန်အတွက် အောက်ပါအတိုင်း လေ့လာမှုအဆင့်ဆင့်ကို ပြင်ဆင်ပေးထားပါသည်။
၂-၁။ သင်ခန်းစာများ|ကားလိုင်စင်ရေးဖြေစာမေးပွဲအပိုင်း
သင်ခန်းစာများတွင် တကယ့်ကားလိုင်စင်ရေးဖြေစာမေးပွဲမှာ ပါဝင်မည့် အကြောင်းအရာများကို ကဏ္ဍအလိုက် နားလည်လွယ်အောင် လေ့လာနိုင်ပါသည်။ သင်ခန်းစာတစ်ခုချင်းစီကို အောက်ပါအဆင့် ၃ ဆင့်ဖြင့် ဖွဲ့စည်းထားပါသည် -
၁။ ဗီဒီယိုဖြင့် 「နားလည်သဘောပေါက်ခြင်း」
ပထမဦးစွာ ဗီဒီယိုကို ကြည့်ရှုပြီး ယာဉ်စည်းကမ်းများ၊ သတိပြုရန်အချက်များနှင့် အရေးကြီးသည့်အချက်များကို "ရုပ်ပုံလွှာများနှင့်အတူ" နားလည်အောင် လုပ်ဆောင်ပါ။ စာသားသက်သက်ဖြင့် နားလည်ရခက်သော အကြောင်းအရာများသည် ဗီဒီယိုဖြင့်ဆိုလျှင် ဦးနှောက်ထဲသို့ အလွယ်တကူ ရောက်ရှိသွားနိုင်ပါသည်။
၂။ Q&A ပုံစံဖြင့် 「မှတ်သားခြင်း」
ထို့နောက် တစ်ခွန်းမေး တစ်ခွန်းဖြေ (Q&A) ပုံစံဖြင့် ဗီဒီယိုတွင် လေ့လာခဲ့သည့် အကြောင်းအရာများကို ပြန်လည်စစ်ဆေးပါ။
"မိမိဘာသာ အဖြေကို ပြန်စဉ်းစားခြင်း"
"မှန်၊ မမှန် ချက်ချင်း အတည်ပြုနိုင်ခြင်း"ကို ပြုလုပ်ခြင်းဖြင့် ပိုမှတ်မိစေပါသည်။
၃။ Mini-test ဖြင့် 「အတည်ပြုခြင်း」
နောက်ဆုံးတွင် မေးခွန်းတိုလေးများဖြင့်
မိမိတကယ်နားလည်ပြီလားဆိုတာကို စစ်ဆေးပါ။
Mini-test တွင် မှားယွင်းသွားသော အချက်များကို ဗီဒီယို သို့မဟုတ် Q&A ထံ ပြန်သွားပြီး ပြန်လည်လေ့လာခြင်းဖြင့် မိမိ၏အားနည်းချက်များကို ထိုနေရာတင် ချက်ချင်းပြုပြင်နိုင်ပါသည်။
■ ထိရောက်သော လေ့လာမှုပုံစံ (အကြံပြုလိုသည့် အစီအစဉ်)
သင်ခန်းစာတစ်ခုချင်းစီ၏ ဗီဒီယိုများကို ကြည့်ရှုပါ
Q&A တွင် အဖြေကို ကြိုတင်စဉ်းစားရင်း ဆက်လေ့လာပါ
Mini-test ဖြင့် မိမိရဲ့လေ့လာမှုက ဘယ်လောက်ထိ ရှိနေပြီလဲ စစ်ဆေးပါ
မိမိကိုယ်မိမိ ယုံကြည်မှုမရှိသေးသော အပိုင်းများအတွက် -
ဗီဒီယိုကို နောက်တစ်ကြိမ် ပြန်ကြည့်ပါ
Mini-test ကို ပြန်လည်ဖြေဆိုပါ
ဤအစီအစဉ်အတိုင်း လေ့လာသွားခြင်းဖြင့် အခက်အခဲမရှိဘဲ တဖြည်းဖြည်း တိုးတက်လာစေမည် ဖြစ်ပါသည်။
■ လေ့လာမှုအတွက် အကြံပြုချက်
တစ်နေ့လျှင် သင်ခန်းစာ ၄ခု မှ ၅ခုခန့် နှုန်းဖြင့် လေ့လာသွားမည်ဆိုပါက
၄ ပတ် (၁ လ) ခန့်အတွင်း ဘာသာရပ်အားလုံးကို လေ့လာပြီးသား ဖြစ်မှာပါ။
နေ့စဉ် အနည်းငယ်စီ ပုံမှန်လေ့လာသွားခြင်းဖြင့် စာမေးပွဲအောင်ဖို့ အဆင့်အထိ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
၂-၂။ ဝေါဟာရများ
「ဝေါဟာရများ」 တွင် ကဏ္ဍအလိုက် မကြာခဏပါဝင်လေ့ရှိသော အရေးကြီးသည့် စကားလုံးများကို လေ့လာနိုင်ပါသည်။
နိုင်ငံခြားလိုင်စင်မှ ဂျပန်လိုင်စင်သို့ ပြောင်းလဲရာတွင် (Gaimen Kirikae) "စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်ခြင်း ရှိ၊ မရှိ" သည် အောင်/ရှုံးကို အဓိက ဆုံးဖြတ်ပေးသည့် အချက်ဖြစ်ပါသည်။
■ သတ်မှတ်ချက် - ၁ ပတ်လျှင် စကားလုံး ၅၀ မှတ်မိစေရန်
တစ်ပတ်အစတွင် စကားလုံး ၅၀ ကို လေ့လာပါ။
ရက်သတ္တပတ်အတွင်း စကားလုံး ၅၀ ကို ပြန်လေ့လာပါ။
အစပိုင်းတွင် ခက်ခဲသည်ဟု ခံစားရနိုင်သော်လည်း တစ်ပတ်အတွင်း ထပ်ခါတလဲလဲ ပြုလုပ်ခြင်းဖြင့် တဖြည်းဖြည်း နားလည်လာပါလိမ့်မည်။
■ အားလပ်ချိန်များတွင် နည်းနည်းချင်းစီ ပြုလုပ်ရန် အကြံပြုချက်
အောက်ပါအချိန်များတွင် ၃ မိနစ်မှ ၅ မိနစ်ခန့် ဖြစ်စေ လေ့လာကြည့်ပါ -
ရထား သို့မဟုတ် ဘတ်စ်ကား စီးနေချိန်
အလုပ်နားချိန်
မအိပ်မီ အချိန်အနည်းငယ်
"ဒီနေ့ ပင်ပန်းနေပေမဲ့ ခဏလောက်တော့ စာကြည့်ချင်တယ်" ဆိုသည့်အချိန်
စာကျက်ရမှာ ပင်ပန်းနေသည့်နေ့မျိုးတွင် ဝေါဟာရများကို ပေါပေါ့ပါးပါး ဆက်လက်လေ့လာနိုင်ပါသည်။
■ စကားလုံးများ များများသိလေလေ ပို၍ အကျိုးရှိလေလေဖြစ်သည်
ယာဉ်စည်းကမ်းဆိုင်ရာ စကားလုံးများကို များများသိထားလေလေ မေးခွန်းများကို နားလည်ရန် ပို၍လွယ်ကူလေလေ ဖြစ်ပါသည်။ လေ့လာတဲ့အချိန်ကစပြီး စာမေးပွဲဖြေဆိုမည့်နေ့အထိ စကားလုံးများကို နည်းနည်းချင်းစီ ဆက်တိုက်လေ့လာသွားရန် အကြံပြုလိုပါသည်။
■ "အရမ်းလွယ်နေတယ်" ဟု ခံစားရပါက
"ဗီဒီယို + Q&A + ဝေါဟာရများ" သည် သင့်အတွက် လွယ်ကူနေပြီဆိုလျှင် နောက်ထပ်အဆင့်ဖြစ်သည့် "Test (စစ်ဆေးမှု) လုပ်ဆောင်ချက်များ" ကို ဖြေဆိုကြည့်ပါ။
၂-၃။ စစ်ဆေးမှု ၄ မျိုးဖြင့် အဆင့်ဆင့်လေ့လာခြင်း
သင်ခန်းစာများတွင် အကြောင်းအရာအားလုံးကို တစ်ကြိမ်လေ့လာပြီးပြီဆိုလျှင်၊
နောက်ဆုံးတွင် မိမိ၏အရည်အချင်းကို စမ်းသပ်စစ်ဆေးမည့် အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။
※ ဝေါဟာရများကို ဤအဆင့်သို့ ရောက်ရှိချိန်တွင်လည်း ဆက်လက်လေ့လာနေရန် လိုအပ်ပါသည်။
ကားလိုင်စင်ရေးဖြေစာမေးပွဲတွင် အဖြေမှန်နှုန်း ၉၀% နှင့်အထက် မရရှိပါက အောင်မြင်နိုင်မည်မဟုတ်ပါ။
ရွေးချယ်စရာ ၂ ခုတည်းသာရှိသော (အမှန်/အမှား) မေးခွန်းများဖြစ်သည့်အတွက် ခန့်မှန်းဖြေဆိုရုံဖြင့် မအောင်မြင်နိုင်သော စာမေးပွဲဖြစ်ပါသည်။
လေ့ကျင့်ခန်းမေးခွန်းများတွင် မှားယွင်းသွားပါက -
ဘယ်နေရာကို မှားဖတ်မိတာလဲ
ဘယ်အပိုင်းကို နားမလည်ခဲ့တာလဲ
ဆိုသည်ကို ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ဗီဒီယို သို့မဟုတ် Q&A ကို ပြန်လေ့လာပါ။
(က) လမ်းညွှန်အမှတ်အသား မေးခွန်းများ
ကားလိုင်စင်စာမေးပွဲတိုင်းတွင် သေချာပေါက်ပါဝင်လေ့ရှိသည်မှာ လမ်းညွှန်အမှတ်အသား (Signs) မေးခွန်းများ ဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင် လမ်းညွှန်အမှတ်အသား အမျိုးပေါင်း ၂၀၀ ကျော် ရှိပါသည်။
ပုံသဏ္ဌာန်နှင့် အရောင် ဆင်တူသော အမှတ်အသားများစွာ ရှိပါသည်။
အဓိပ္ပာယ် နီးစပ်လွန်းသဖြင့် ရောထွေးမှားနိုင်သော အရာများလည်း ရှိပါသည်။
ထို့ကြောင့် စတင်လေ့လာသူများအတွက် မျက်စိလည်စရာကောင်းသော ကဏ္ဍတစ်ခု ဖြစ်သည်။
Drivey တွင် အလွတ်ကျက်ရုံသက်သက်မဟုတ်ဘဲ -
"ဒီအမှတ်အသားက ဘာကြောင့်ရှိတာလဲ?"
"ဘယ်လိုအန္တရာယ်မျိုးကို ကာကွယ်ဖို့အတွက်လဲ?"
ဆိုသည့် နောက်ခံအကြောင်းအရင်းများကိုပါ နားလည်သဘောပေါက်အောင် ပြင်ဆင်ပေးထားပါသည်။
ဤအပိုင်းကို သေချာလေ့လာပြီး မေးခွန်းအားလုံးကို မှန်အောင်ဖြေနိုင်သည့်အဆင့်သို့ ရောက်ရှိပါက၊
စာမေးပွဲတစ်ခုလုံးအပေါ် မိမိကိုယ်မိမိ ယုံကြည်မှု ရှိလာပါလိမ့်မည်။ အစပိုင်းတွင် ဤအပိုင်းကို အာရုံစိုက်ခြင်းဖြင့် "ငါလုပ်နိုင်ပြီ!" ဆိုသည့် ခံစားချက်ကို ရရှိစေပြီး ဆက်လက်လေ့လာလိုစိတ်များကိုလည်း ပိုမိုကောင်းမွန်စေပါသည်။
(ခ) လေ့ကျင့်ခန်းမေးခွန်းများ
လေ့ကျင့်ခန်းမေးခွန်းများကို ၁ အုပ်စုလျှင် မေးခွန်း၁၀ ခုနှုန်းဖြင့် ဖွဲ့စည်းထားပါသည်။
အလုပ်သွား၊ ကျောင်းသွား ခရီးသွားလာချိန်များ
ခဏတာ အနားယူချိန်များ
စသည့် အားလပ်ချိန်လေးများတွင် ဖြေဆိုနိုင်သောကြောင့် အလုပ်များသူများအတွက်လဲ ရေရှည်လေ့လာနိုင်သော အစီအစဉ်ဖြစ်ပါသည်။
မိမိမှားသွားတဲ့ မေးခွန်းများကိုလည်း နောက်ပိုင်းတွင် ပြန်လည်ကြည့်ရှုနိုင်သောကြောင့် -
မိမိ မကြာခဏ မှားတတ်သည့် အချက်များကို သိရှိနိုင်ခြင်း
မိမိ အားနည်းသော အပိုင်းကိုသာ သီးသန့်ရွေးထုတ်၍ ပြန်လည်လေ့လာနိုင်ခြင်း
စသည့် "အားနည်းချက်များကို ပြုပြင်ခြင်း" အတွက် လေ့လာရ ပိုမိုလွယ်ကူစေပါသည်။
"ဘာကြောင့် မှားသွားတာလဲ?"
"ဘယ်အပိုင်းကို နားမလည်ခဲ့တာလဲ?"
ဆိုသည်ကို သတိပြုရင်း လေ့လာသွားခြင်းဖြင့် ဗဟုသုတများ ပိုတိုးလာမှာပါ။ ထပ်ခါတလဲလဲ ဖြေဆိုလေလေ ပိုနားလည်လာနိုင်ပြီး မိမိ၏ အရည်အချင်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာပါလိမ့်မည်။
(ဂ) အရည်အချင်းစစ်ဆေးခြင်း
အရည်အချင်းစစ်ဆေးမှု (Mini-mock test) သည် စာမေးပွဲ၏ မေးခွန်းအရေအတွက် တစ်ဝက်ခန့်ဖြင့် ဖွဲ့စည်းထားပါသည်။ ဤအဆင့်တွင် -
ယခုအထိ လေ့လာခဲ့တဲ့ ဗဟုသုတတွေကို ဘယ်လောက်အထိ နားလည်သဘောပေါက်ပြီလဲ?
ဘယ်အပိုင်းမှာ အားနည်းနေသေးလဲ
ဆိုသည်ကို မိမိကိုယ်တိုင် စစ်ဆေးနိုင်ပါသည်။
မေးခွန်းများမှာ တကယ့်စာမေးပွဲလိုမျိုး မေးခွန်းများဖြစ်ပြီး၊ လေ့လာသူများ ရည်မှန်းထားသည့် "အဖြေမှန်နှုန်း ၉၀% နှင့်အထက်" ကို ရစေရန်ပြင်ဆင်ထားပါသည်။
စာမေးပွဲဖြေဆိုခါနီးတွင် မိမိ၏အရည်အချင်းကို စမ်းသပ်ရန်
တကယ့်စာမေးပွဲ မတိုင်မီ ဘာကို အဓိကထား လေ့လာသင့်သည်ကို အတည်ပြုရန်
စသည်တို့အတွက် အလွန်ပင် အထောက်အကူပြုသော အဆင့်တစ်ခု ဖြစ်ပါသည်။
(ဃ) ပုံစံတူစာမေးပွဲ (Mock Exam)
ပုံစံတူစာမေးပွဲသည် တကယ့်စာမေးပွဲလိုမျိုး မေးခွန်းအရေအတွက်နှင့် အချိန်ကန့်သတ်ချက်အတိုင်း လုပ်ပေးထားတဲ့ စစ်ဆေးမှုဖြစ်ပါသည်။ ပုံစံတူစာမေးပွဲကို ဖြေဆိုခြင်းဖြင့် -
အချိန်ခွဲဝေမှုဆိုင်ရာ အလေ့အကျင့်
အာရုံစူးစိုက်မှုကို ထိန်းသိမ်းပုံ
စိတ်လှုပ်ရှားနေချိန်တွင် မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်း
စသည့် စာမေးပွဲတွင် လိုအပ်မည့် "လက်တွေ့စွမ်းရည် " များ ရရှိလာမည်ဖြစ်ပါသည်။
ထို့အပြင် -
အဖြေကို ဝေခွဲမရဖြစ်ချိန်တွင် ဘယ်လိုဆုံးဖြတ်မလဲ?
စိတ်လောသွားတဲ့အချိန်တွင် ဘယ်လိုတည်ငြိမ်အောင် ထားမလဲ?
မေးခွန်းကို ကျော်ဖတ်မိခြင်း သို့မဟုတ် မှားဖတ်ခြင်းမဖြစ်အောင် သတိထားပုံ
စသည့် ဗဟုသုတအပြင် "စာမေးပွဲကို ဘယ်လိုဖြေရမလဲဆိုတာ" ကိုပါ လေ့ကျင့်ပေးပါသည်။
စာမေးပွဲအစစ်ဟု သဘောထားပြီး အာရုံစိုက်ဖြေဆိုခြင်းဖြင့် မိမိ၏အားနည်းချက်များကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်မည်ဖြစ်သည်။ ပုံစံတူစာမေးပွဲကို အကြိမ်ကြိမ် လေ့ကျင့်ထားပါက စာမေးပွဲဖြေဆိုမည့်နေ့တွင်လည်း စိတ်အေးလက်အေးဖြင့် မေးခွန်းများကို ဖြေဆိုနိုင်မည် ဖြစ်သည်။
၃။ တစ်ကြိမ်တည်းဖြင့် အောင်မြင်ရန် သိထားသင့်သည့်အချက်များ
နောက်ဆုံးအနေဖြင့်၊ စာမေးပွဲအစစ်တွင် တစ်ကြိမ်တည်းနှင့် အောင်မြင်နိုင်ခြေပိုများလာစေရန်အတွက် "လိုက်နာရမည့်အချက်များ " ကို စုစည်းဖော်ပြပေးပါမည်။
(၁) စာသားများကို သေချာဖတ်ပါ
မေးခွန်းအများစုမှာ ၁ ကြောင်းမှ ၂ ကြောင်းခန့်သာရှိသော စာတိုလေးများ ဖြစ်သည်။
ထို့ကြောင့် စကားလုံးတစ်လုံးတည်း အပြောင်းအလဲကပင် အဖြေမှန် သို့မဟုတ် အဖြေမှား ဖြစ်သွားစေနိုင်ပါသည်။
အထူးသဖြင့် အောက်ပါဖော်ပြချက်များကို သတိထား၍ ဖတ်ရှုပါ -
မီးပွိုင့်အမျိုးအစားများ: မီးစိမ်း၊ မီးနီမှိတ်တုတ်မှိတ်တုတ်၊ ဝါရောင်မြှားပြမီး စသည်
ကိန်းဂဏန်း ကွာခြားချက်များ: ၃ စက္ကန့်အလို / မီတာ ၃၀ အကွာ၊ ၃ မီတာအတွင်း / ၅ မီတာအတွင်း စသည်
စာကြောင်းအဆုံး သုံးနှုန်းပုံများ: 「〜ဖြစ်သည် / 〜မဟုတ်ပါ」、「〜ပြုလုပ်နိုင်သည် / 〜မပြုလုပ်နိုင်ပါ」
"ဒီလိုပဲ ဖြစ်မယ်ထင်တယ်" ဆိုသည့် ခန့်မှန်းချက်ဖြင့် မဖြေဆိုဘဲ၊ ကိန်းဂဏန်းနှင့် စကားလုံးများ၏ ကွာခြားချက်ကို တိကျစွာဖတ်ရှုသည့် အလေ့အကျင့်ကို ပြုလုပ်ထားပါ။
(၂) မေးခွန်းကို "ရိုးရိုးရှင်းရှင်း" ပဲ စဉ်းစားပါ
မေးခွန်းတွင် ပါဝင်သောအကြောင်းအရာသည် "မှန်သလား" သို့မဟုတ် "မှားသလား" ဆိုသည်ကို ရိုးရိုးရှင်းရှင်း ဆုံးဖြတ်ရန် အရေးကြီးပါသည်။
မေးခွန်းအများစုသည် မိမိရဲ့ဗဟုသုတ နှင့် စဉ်းစားလျှင်ပင် သိနိုင်သော မေးခွန်းများ ဖြစ်ပါသည်။
အလွန်အကျွံ လှည့်ပတ်စဉ်းစားမိပါက ပို၍ မှားယွင်းသွားနိုင်ပါသည်။
ထို့ပြင် 「သေချာပေါက်」、「လုံးဝ」、「မည်သည့်အချိန်တွင်မဆို」 စသည့် စကားလုံးများ ပါဝင်သော စာကြောင်းများသည် "ခြွင်းချက်ရှိ၊ မရှိ" ကို မေးမြန်းနေခြင်း ဖြစ်လေ့ရှိသောကြောင့် အထူးသတိထား၍ ဖတ်ရှုပါ။
(၃) အဖြေများကို သေချာပေါက် ပြန်စစ်ပါ
မေးခွန်းအားလုံး ဖြေဆိုပြီးသွားပါက အစမှအဆုံးထိ သေချာပေါက် ပြန်စစ်ပါ။
အဖြေမှားခြစ်မိခြင်း ၊မေးခွန်းကို အဓိပ္ပာယ်လွဲမှားစွာ ဖတ်မိခြင်း၊ အဖြေဖြေရန် ကျန်ခဲ့ခြင်း
မိမိသိပြီးသား မေးခွန်းတစ်ခုကို အမှတ်လျော့သွားရခြင်းက နှမြောဖို့ကောင်းပါသည်။ နောက်ဆုံးကျန်နေတဲ့ မိနစ်အနည်းငယ်ကို "ပြန်စစ်တဲ့အချိန်" အဖြစ် အသုံးပြုရုံဖြင့် သင်၏ရမှတ်ကို ပိုသေချာစေပါလိမ့်မည်။
၄။ နိဂုံး
Driveyရဲ့ ကားလိုင်စင်စာမေးပွဲဖြေဆိုမှု လမ်းညွှန်သင်တန်းကို -
ဗီဒီယိုများဖြင့် 「နားလည်သဘောပေါက်ခြင်း」
Q&A နှင့် ဝေါဟာရများဖြင့် 「မှတ်သားခြင်း」
လေ့ကျင့်ခန်းမေးခွန်းများ၊ အရည်အချင်းစစ်ဆေးမှုနှင့် ပုံစံတူစာမေးပွဲများဖြင့် 「အတည်ပြုခြင်း」
ဆိုသည့် အစီအစဉ်အတိုင်း၊ စာမေးပွဲအောင်မြင်ရန် လိုအပ်သော အရည်အချင်းများကို တစ်လှမ်းချင်း လေ့လာနိုင်ရန် ပြုလုပ်ထားပါသည်။
လမ်းညွှန်ချက်များကို ကိုးကားပြီး ဒီနေ့မှစ၍ အနည်းငယ်စီ စတင်လေ့လာကြည့်ပါ။ လေ့လာနေစဉ်အတွင်း လမ်းပျောက်သကဲ့သို့ ခံစားရပါက ဤဆောင်းပါးထံ ပြန်လာပြီး -
"ငါ အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ?"
"နောက်ထပ် ဘယ်သင်ခန်းစာကို ဆက်သုံးရမလဲ?"
ဆိုသည်ကို ပြန်လည်စစ်ဆေးရင်း လေ့လာကြည့်ပါ။
ကားလိုင်စင်စာမေးပွဲကို တစ်ကြိမ်တည်းနှင့် အောင်မြင်ပါစေကြောင်း Drivey မှ ဆုတောင်းအားပေးနေပါသည်။